ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျိန္တလီမြို့ ပုန်းညက်ကမ်းခြေတွင် ငါးများသောင်တင်ခြင်းမှာ ငါးဖမ်းပိုက်ကွဲသွား၍ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 7.3k

အောင်လင်းထွန်း
နိရဉ္စရာ၊ ဇန်နဝါရီ ၃၁ ရက်/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ ပုန်းညက်ကမ်းခြေတွင် ယနေ့ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက ငါးကောင်ရေ သောင်းနှင့်ချီပြီး ပင်လယ် ကမ်းစပ် သဲသောင်ပြင်တွင် သေဆုံး သောင်တင်နေခြင်းမှာ ကမ်းဆွဲပိုက် ဝမ်းကွဲသွားရာမှ ထွက်ကျလာသည့် သေဆုံးသွားသော  ငါးများဖြစ်ကြောင်း သတင်းရရှိသည်။

“မနေ့က ကမ်းဆွဲပိုက်နဲ့ ဆွဲတဲ့ အခါ ငါးတွေများပြီး ပိုက်ကွဲသွားတယ်။ ပိုက်ဝမ်း ကွဲလောက် အောင်ထိ ငါးတွေရတယ်။  ပိုက်ကွဲသွားတဲ့အတွက် တချို့ငါးတွေ ကမ်းကို လာတင်တာဖြစ်တယ်။ မနေ့က ဖြစ်တာ။ ဒီနေ့ မနက်တော့ ငါးတွေကို သဲသောင်မှာ တင်ပြီးတွေ့ရတာ ” ဟု ရခိုင်ကမ်းရိုးတန်းဒေ သဘာဝပန်းဝန်းကျင်ထိမ်းသိမ်းရေးအသင်း ဒုဥက္ကဌ ဦးအောင်မျိုး က နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ငါးဖမ်းပိုက်ပိုင်ရှင် ကိုသန်းထွန်းမှာ ဇန်နဝါရီ ၃ဝ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ကမ်းဆွဲ ပိုက်ဖြင့် ဆွဲနေစဉ်  ည ၈ နာရီအချိန်တွင် ပိုက်အတွင်းသို့ ငါးထိုးမှုများလာသဖြင့် ဖမ်းနေသည့် ပိုက်မှာ ကွဲသွားခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ကျိန္တလီမြို့ ပုန်းညက်ကမ်း သဲသောင်ပြင်တွင် ငါးများ သောင်တင်နေကြောင်းသိရသည်။

ယခုနှစ်တွင် ကမ်းနီးသို့  ကမ်းဝေးသင်္ဘောများ ငါးဖမ်းမူကို တင်းတင်းကျပ်ကျပ် ပိတ်ထားခြင်းကြောင့် ငါးများတိုးပွားလာနေရာမှ ငါးဖမ်းပိုက် ကွဲရသည့်အထိ ငါးများ တိုးပွားလာနေသည်ဟု ၎င်းက ပြောဆိုသည်။

ကမ်းနီးငါးဖမ်းခြင်းပိတ်ထားခြင်းကို ကျိန္တလီမြို့ ကမ်းခြေအနီးတွင် ရေမိုင် (၁ဝ) မိုင်ခန့် ပတ်လည်ကို ပိတ်ထားကြောင်း သိရသည်။
 
“ကျိန္တလီမြို့ဒေသခံများစုပေါင်းပြီးတော့ ထိမ်းသိမ်းတဲ့ဧရိယာဟာ  မြန်မာနိုင်ငံမှာဆို တစ်ခု တည်းသော ဧရိယာဖြစ်တယ်။ ဒီနှစ်နဲ့ဆို ၂ နှစ်ရှိပြီ။ အဲဒီလိုလုပ်လိုက်သောကြောင့် ကမ်းဝေး ငါးဖမ်းသင်္ဘောတွေ ကမ်းနီးကို ဝင်ရောက်ခြင်းကို ဒေသခံများနဲ့ ဌာနဆိုင်ရာတို့  ပူပေါင်းပြီးတော့ လုပ်လိုက်တဲ့ အတွက် ပြီးခဲ့တဲ့ မိုးတွင်းက စပြီးတော့ ကမ်းနီး ငါးသယံဇာတတွေ ပိုများ  လာတာကိုတွေ့ရတယ်”ဟု ဦးအောင်မျိုး က ပြောသည်။

(Photo by Thar Gyi Facebook)

-----------------------------

Unicode:


နိရ ဉ်စရာ၊ ဇနျနဝါရီ ၃၁ ရကျ/ ၂ဝ၂ဝ





 

ဆက်စပ် သတင်းများ