သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်တွင် ပိုင်ရှင်မဲ့ တရားမဝင်သစ်များ ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 8.5k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် တရားမဝင်ခိုးထုတ်နေသော ပိုင်ရှင်မဲ့သစ်အများအပြားကို မေလ ၂ ရက်နေ့က သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရရှိသောသစ်များမှာ ကညင်ခွဲသားသစ်ချောင်းပေါင်း ၆၈ ချောင်း၊ တန်ချိန်အားဖြင့် (၁ဝ. ၉ဝ၈၂ တန်) ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့ သစ်တောဦးစီးဌာနမှ မြို့ ပန်းတောင်း-တောင်ကုတ်ကားလမ်း အနီး စလူကျေးရွာ အောက်ဖက်တွင် နယ်မြေကင်းလှည့်ရာတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ နယ် သစ်တော ဦးစီးအရာရှိ ဦးမျိုးဆွေသိန်းက နိရဥ္စရာသတင်းဌာနအားပြောသည်။

“ကျွန်တော်တို့ဖမ်းမိတဲ့အချိန်မှာ ကားတွေပါတွေနဲ့သယ်နေတာမဟုတ်ပဲ တောင်စောင်းမှာတွေ့တာ။ ပိုင်ရှင်နဲ့ လက်ပူးလက်ကြပ်မိတာမဟုတ်ဘူး။ စလူကျေးရွာဘက်တွေမှာ တရားမဝင် သစ်တွေ ထုတ်နေတယ် ကြားလို့ စလူကျေးရွာဘက်ကို ကျွန်တော်တို့ဝန်ထမ်းအဖွဲ့တွေနဲ့ နယ်မြေရှင်းတာမှာ တွေ့တာ။ ပိုင်ရှင်ကိုစုံစမ်းနေပါတယ်” ဟု ၄င်းအရာရှိကပြောသည်။

တရားမဝင်သစ်များခိုးထုတ်ခြင်းမှာ ခေတ်အဆက်ဆက်ရှိလာခြင်းဖြစ်ကြောင်း၊ ပြည်သူအခြေပြု သတင်းရယူမှု ရှိရန်လိုအပ်ကြောင်း၊ တရားမဝင်သစ်များ ဖမ်းဆီးရေးတွင် ပြည်သူများ ပါဝင်လာစေချင်ကြောင်း ၄င်းက ဆက်ပြောသည်။

“ စုစုပေါင်း ၁ဝတန်ကျော်ဖမ်းမိတယ်။ ကာလပေါက်စျေးကတစ်တန်ကို တစ်သိန်းခွဲဆိုတော့ ၁၅ သိန်းကျော်လောက်ရှိမှာပေါ့နော်။ သစ်တွေကို မြန်မာ့သစ်လုပ်ငန်းကိုအပ်ပါမယ် ”ဟု ၄င်းအရာရှိက ပြောသည်။

ဖမ်းဆီးရမိသော အဆိုပါသစ်များအား မြန်မာ့သစ်လုပ်ငန်းကို အပ်၍ လေလံတင်ရောင်းချခြင်းများ လုပ်ဆောင်သွားမည်ဟု တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာမှ သိရသည်။

(ဓာတ်ပုံ- သစ်တောဦးစီး)

--------------------

Unicode:


အိမျစိုးဖွူ

နိရဉ်စရာ၊ မေ ၄/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ