ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မိုးရွာသွန်းမှုများသောကြောင့် တည်ဆောက်မှု ၆၈ ရာနှုန်းပြီးစီးနေပြီဖြစ်သည့် သံတွဲသူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် အပျက်အစီးများရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 3.7k

အောင်ဇံ

နိရဉ်စရာ၊ သြဂုတ် ၈ / ၂၀၂၁

 

တည်ဆောက်မှု ၆၈ရာနှုန်းပြီးစီးနေပြီဖြစ်သည့် သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းတွင် မိုးများပြီး ချောင်းရေကြီးမှုများကြောင့် မြေပြိုပြီး ပျက်စီးမှုတချို့ရှိခဲ့ကြောင်း သတင်းရရှိသည်။

 

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း ၊လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်အေက '' ဒီနှစ်က ရေလွှဲဥမင်လိုဏ်ခေါင်း နှစ်လုံးက ရေလွှတ်ထားတယ် ။ မိုးကလည်းများတော့ ရေစီးနှုန်း အရမ်းများတယ်။ ဝန်ထမ်းအိမ်ရာရှေ့နားက ကမ်းပါးတွေ ရေတိုက်စားကုန်တယ်။ပြီးခဲ့တဲ့လ ကတည်းကပါ။ လမ်းတွေ ဘာတွေလည်း ပျက်သွားတယ်။ အထက်ဖက်မှာတော့ ဘာမှ မဖြစ်ဘူး။ ဖြစ်တာက ရေလွှဲဥမင်လိုဏ်ရဲ့ အောက်ဖက် ချောက်ကမ်းပါး ဟိုဖက်ဒီဖက် ရေစီးနှုန်းများလို့ တမံတွေပြိုတာတို့ ရှိတယ်၊ အန္တရာယ်ဖြစ်နိုင်တာတို့ မရှိပါဘူး'' ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

 

ရေစီးနှုန်းများ တမံများပြိုပျက်ခဲ့သလို ဝန်ထမ်းအိမ်ရာရှေ့နားက ကမ်းပါးလည်း ရေတိုက်စား ပျက်စီးသွားခဲ့သည်ဟု သိရသည်။

 

ေတိုက်စားမှုများ၍ သူဌေးချောင်းကမ်းပါးပြိုကျမှုကြောင့် စီမံကိန်းဝန်ထမ်းအိမ်ယာများကိုလည်း ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟုလည်း ၎င်းက ပြောကြားသည်။  

 

''ဝန်ထမ်းအိမ်ယာ ၈ လုံးက ရွှေ့ထားတယ်။ရေတွေတက်လာတော့ ဒီဟာတွေက ပြိုကျသွားနိုင်တယ် ဆိုပြီး မပြိုခင် ၃ ၊ ၄ရက်က ကြိုပြီးသိ ထားတော့ ကျနော်တို့ လွတ်တဲ့နေရာ ရွှေ့ထားတယ်။ အပျက်အစီး ထိခိုက်မှုမရှိပါဘူး'' ဟု ဦးကျော်အေးက ပြောသည်။

 

သံတွဲ သူဌေးချောင်း စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စတင်လည်ပတ်နိုင်မည် ဖြစ်သည်။ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အကုန်တွင် တည်ဆောက်မှု ၆၈ ရာခိုင်နှုန်း အထိ ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ က သံတွဲမြို့နယ်တွင် မိုးရေချိန်များပြီး ချောင်းရေတိုးသောကြောင့် ရေလွှမ်းမိုးခဲ့ပြီး လူနေအိမ် ၄၆ လုံးအပါအဝင် ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့သည်။

ဆက်စပ် သတင်းများ