ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တာဝန်ပြီးဆုံးသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီးလီနေရာ ကိုယ်စားလှယ်သစ် စတင်တာဝန်ထမ်းဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 312

နိရဥ္စရာ၊ မေ ၁ဝ/၂ဝ၂ဝ


တာဝန်ပြီးဆုံးသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂအထူးကိုယ်စားလှယ် ပါမောက္ခ ယန်ဟီးလီ (Yanghee Lee) ရဲ့ နေရာမှာ အထူးကိုယ်စားလှယ်သစ် Thomas H. Andrews က တာဝန် စတင်ထမ်းဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဧပြီလ ၃ဝ ရက်နေ့က တာဝန်သက်တမ်းပြီးဆုံးသွားတဲ့ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee ရဲ့နေရာမှာ အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews စတင် ထမ်းဆောင်နေပြီ ဖြစ်တယ်လို့ ဗွီအိုအေ (မြန်မာပိုင်း) မှာ သတင်းဖော်ပြပါတယ်။


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်အဖြစ် တာဝန် ပေးအပ် လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။


အထူးကိုယ်စားလှယ်သစ် Thomas H. Andrews ဟာ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ Maine ပြည်နယ်ကိုယ်စားပြုအမတ်အဖြစ် ၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ တာဝန်ထမ်းခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။


သူဟာ Andrews Strategic Services ဆိုတဲ့ ဝါရှင်တန်မြို့တော်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂအထူးကိုယ်စားလှယ်သစ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေး ဆောင်ရွက်တဲ့ National Democratic Institute (NDI) အဖွဲ့အစည်းအတွက် Cambodia, Indonesia, Algeria, Croatia, Serbia, Ukraine နဲ့ Yemen နိုင်ငံတို့အပါအဝင် နိုင်ငံတော်တော်များများက လွှတ်တော်အမတ်တွေ၊ NGO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အလုပ်လုပ်ကိုင်ခဲ့ဖူးတယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။


ဒါ့အပြင် “The Nobel Peace Laureate Campaign for Aung San Suu Kyi and the People of Burma” နိုဘယ်ငြိမ်းရေးဆုရှင်များရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာပြည်သူများအရေး စုပေါင်းလှုပ်ရှားမှုအဖွဲ့မှာ ၂ဝဝ၁ ခုနှစ်က အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဝေးရောက်ညွှန့်ပေါင်းအစိုးရ NCGUB နဲ့ Euro-Burma Network ကွန်ယက်အဖွဲ့တွေအတွက်လည်း အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။


Win Without War နဲ့ United to End Genocide စတဲ့ NGO အဖွဲ့တွေမှာလည်း တက်တက်ကြွကြွ လှုပ်ရှားခဲ့သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


( Source and photo -ဗွီအိုအေ (မြန်မာပိုင်း)


-------------------


Unicode:




နိရဉ်စရာ၊ မေ ၁ဝ/၂ဝ၂ဝ




















ဆက်စပ် သတင်းများ