သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

နယ်စပ်တွင်စစ်ရေးလှုပ်ရှားမှုများရှိသည်ဟုဆိုကာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှဆင့်ခေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 790

နိရဉ္စရာ၊ စက်တင်ဘာ ၁၄/၂၀၂၀

ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ကျော်မိုးကို ယမန်နေ့က ဆင့်ခေါ်ခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ်မှ နာမည်ကြီး အင်္ဂလိပ်သတင်းစာ The Daily Star တွင် သတင်းဖော်ပြသည်။

ထိုသို့ ဆင့်ခေါ်ပြီး  ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်တွင်  မြန်မာစစ်တပ်၏ နီးကပ်စွာ စစ်ရေး လှုပ်ရှားမှုကို ကန့်ကွက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ Md Delwar Hossain ၏ ရုံးခန်းသို့ခေါ်ယူပြီး ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ ဟုတ်တယ်၊ သံအမတ်ကိုဆင့်ခေါ်ပြီးဘင်္ဂလားဒေ့ရ်ှရဲ့ ကန့်ကွက်မှုကို ထုတ်ဖော်ပြောကြားခဲ့တယ်” ဟုအကြီးတန်း အရာရှိတစ်ဦးက ဘင်္ဂလာဒေ့ရှ် UNB သတင်းဌာနသို့ပြောကြားခဲ့သည်။

သောကြာနေ့ မှစ၍ ဘင်္ဂလားဒေ့ရှ်သည် မြန်မာစစ်တပ်၏ ပင်လယ်ရေကြောင်းဆိုင်ရာနယ်စပ်နှင့် နီးသော ငါးဖမ်းလှေများတွင် သံသယဖြစ်ဖွယ်လှုပ်ရှားမှုများကို သတိပြုမိကြောင်း ဖော်ပြထားသည်။

ဘင်္ဂလာဒေ့ရှ် ဒေသသတင်းများတွင် မြန်မာစစ်တပ်သည် အင်အား အလုံးအရင်းဖြင့် နယ်စပ်တွင် စုရုံး လှုပ်ရှားနေကြောင်း ဖော်ပြနေကြသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ