သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုပါတောင်အမေရိကဖလား ပီရူးအသင်းအား ငါးဂိုးပြတ်နို်င်ပြီး ဘရာဇီး ကွားတားဖိုင်နယ်သို့တက်ရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 247

နိရဥ္စရာ၊ ဇွန်လ ၂၃/ ၂ဝ၁၉


စနေနေ့ကကျင်းပသော ကိုပါ တောင်အမေရိကဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (က)၏ နောက်ဆုံးပြိုင်ပွဲတွင် အိမ်ရှင်ဘရာဇီ်း အသင်းက ပီရူးအသင်းကို ငါးဂိုး ဂိုးမရှိအပြတ်အသတ်အနို်င်ရပြီး ရှုံးပွဲမရှိ နှစ်ပွဲနိုင် တစ်ပွဲသရေ စုစုပေါင်း (၇) မှတ်ရကာ အုပ်စုဗိုလ်ဖြင့် ကွားတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။


 အိမ်ရှင်ဘရာဇီး အသင်းအနေဖြင့် ယခုပွဲစဉ်တွင်  တိုက်စစ်အစွမ်းပြကာ ခြေအသာဖြင့် အနို်င်ရရှိခဲ့ခြင်း ဖြစ်ပြီး ပွဲအစ (၁၂) မိနစ်တွင်ပင် အဖွင့်ဂိုးကို  ကက်စမီယို၏ ခေါင်းတိုက်ဂိုးမှတဆင့် သွင်းယူနို်င်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်ခုနစ်မိနစ်အကြာတွင်ပင် ပီရူးဂိုးသမား၏အမှားမှ တဆင့် ရှေးတန်းတိုက်စစ်မှုး ဖာမီနိုက အနီးကပ် သွင်းယူခဲ့ခြင်းဖြစ်သည်။


တတိယဂိုးကိုမူ တောင်ပံကစားသမား အဲဗာတန် ၏တစ်ကိုယ်တော်ပြေးဆွဲကာ ဧရိယာအစပ်က အပြင်းကန်သွင်းကာ ပထမပိုင်းအတွင်း သုံးဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။


ပီရူးအသင်းမှာမူ အိမ်ရှင်ဘရာဇီးအသင်းအားမယှဉ် နိုင်ဘဲ ဖိအားပေးခံရကာဂိုးပြတ်ရှူံး နိမ့်ရခြင်းလည်း ဖြစ်သည်။


ဒုတိယပိုင်းပြန်စသော်လည်း ဘရာဇီးအသင်းမှာကစားအားမလျော့ဘဲ ပီရူးအသင်းကို တောက်လျှောက် ဖိအားပေးနိုင်ခဲ့ပြီး (၅၃) မိနစ်တွင် ဖာမီနို၏ ဖန်တီးမှုမှတဆင့် ဝါရင့်ညာနောက်ခံလူ ဒန်နီယဲအဲဗတ်၏ အပြင်းကန်သွင်းချက်ဖြင့် ဂိုးရယူနို်င်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးပွဲသိမ်းဂိုးကိုမူ မိနစ်ကိုးဆယ်တွင် လူစားဝင်လာသည့် တိုက်စစ်မှုး ဝီလျံ မှ ဂိုးဧရိယာအပြင်ဖက်မှ အမှတ်မထင်လှလှပပ အပြင်းကန်သွင်းခဲ့ခြင်းဖြစ်သည်။


အုပ်စု(က)၏ အခြားပွဲစည်တစ်ပွဲဖြစ်သော ဗင်နီဇွဲလား အသင်းနှင့် ဘိုလီဗီးယားပွဲစဉ်တွင် ဗင်နီဇွဲလားအသင်းက (၃) ဂိုး (၁) ဂိုးဖြင့်အနို်င်ရရှိခဲ့ပြီး  တစ်ပွဲနိုင်နှစ်ပွဲသရေဖြင့် ငါးမှတ်ရရှိကာ အိမ်ရှှုင်ဘရာဇီးအသင်းနှင့်အတူ  ဒုတိယနေရာဖြင့် ကွားတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်သည်။


အိမ်ရှင်ဘရာဇီးအသင်းအနေဖြင့် ကွားတွားဖိုင်နယ်အဆင့်တွင် အခြားအုပ်စုတစ်ခုမှ တတိယ အကောင်းဆုံးဖြင့် တက်လှမ်းနို်င်မည့် အသင်းတစ်သင်းကို လာမည့်ကြာသပတေးနေ့တွင် လက်ခံ ကစားရမည်ဖြစ်ပြီး ဒုတိယနေရာမှ ဗင်နီဇွဲလားအသင်းမှာမူ အုပ်စု (ခ) မှ ဒုတိယနေရာရမည့် အသင်းနှင့်အတူ လာမည့်သောကြာနေ့တွင် ကစားရမည်ဖြစ်သည်။


သို့ရာတွင် အုပ်စု (က) တတိယနေရာတွင် တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှူံးထားပြီး (၄) မှတ်ရထားသောပီရူးအသင်းအနေဖြင့် အကောင်းဆုံးတတိယ ရ ပြီးနောက်တဆင့်တက် ရန်အခွင့်ရေးရှိနေဆဲဖြစ်ပြီး အခြားပြိုင်ဖက်အုပ်စု (၂) စု မှ တတိယအကောင်းဆုံးအသင်း (၂) သင်းထက်အမှတ်ပိုပါက ကွားတားဖိုင်နယ်အဆင့်ကိုတက်ရောက်ခွင့်ရမည်ဖြစ်သည်။

ဆက်စပ် သတင်းများ