ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

သောကြာနေ့ နောက်ဆုံးရ အားကစားသတင်းများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 796

ALH (SKY) စုစည်းတင်ပြသည်။


-    အမျိုးသမီး ကမ္ဘာ့ဖလား ကွားတားဖိုင်နယ်ပွဲစဉ်အဖြစ်မနေ့က ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန် - နော်ဝေး ပွဲစဉ်တွင် အင်္ဂလန်အမျိုးသမီးအသင်းက (၃-ဝ) ဖြင့်အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပြီးမနက်ဖြန်ကစားမည့်နောက်ထပ်ကွားတားဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်သည့်နာမည်ကြီး အမေရိကန်အသင်း နှင့် အိမ်ရှင်ပြင်သစ်အသင်း ပွဲစဉ်တွင်အနိုင်ရမည့်အသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကစားရမည်ဖြစ်သည်။

-    မန်ချက်စတာယူနိုက်တက်အသင်းသည် အသက် (၂၁) နှစ်အရွယ် ခရေစတယ်ပဲလေ့စ် ညာနောက်ခံလူ အာရမ် ဝမ် ဘက်စကာ ကို ပေါင်သန်းငါးဆယ်ဖြင့် ခေါ်ယူနို်င်ခဲ့ပြီးငါးနှစ်စာချုပ်ချုပ်ဆို နိုင်ခဲ့ပြီးဖြစ်သည်။ ယခုလအစောပိုင်းကလည်း ပထမဆုံးကစားသမားအဖြစ် ဒဲနီယမ် ဂျိမ်စ်း (၂၁) နှစ်ကို ဆွမ်ဆီးအသင်းမှ ပေါင် (၁၅) သန်းဖြင့်ခေါ်ယူထားပြီးလည်းဖြစ်သည်။


-    မန်ချက်စတာယူနိုက်တက်အသင်း အနေဖြင့် အသင်း၏ တတိယမြောက ်ခေါ်ယူမည့်ကစားသမားအဖြစ် နယူးကာဆယ် ကွင်းလယ်ကစားသမားစီယမ်လင်းစတက်ဖ်(၂၁)နှစ်အားခေါ်ယူရန်ကြိုးပမ်းလျက်ရှိသည်။

-    လီဗာပူလ်းအသင်းသည် နယ်သလန်ကလပ် PEC Zwolle အသင်းမှ နယ်သလန်လူငယ် နောက်ခံလူ ဗန်ဒါဘတ် (၁၇)နှစ် အား ပြောင်းရွှေ့ကြေး ပေါင် (၄.၄) သန်းဖြင့်ခေါ်ယူစာချုပ် ချုပ်ဆိုနို်င်ခဲ့ပြီဖြစ်သည်။

-    ချဲလ်ဆီးအသင်းသည် အဌားခေါ်ယူထားသော ခရိုအေးရှားလူမျိုး ရီးယဲမက်ဒရစ် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် အား ပြောင်းရွှေ့ကြေးပေါင် သန်း (၄ဝ) ဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ဒေါ့မွန်ကလပ်အသင်းမှ အမေရိကန်ကွင်းလယ်လူ ပူလာဆစ် ပြီးနောက် ဒုတိယကစားသမားခေါ်ယူမှုဖြစ်လာခဲ့သည်။

-    စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်း နှင့် ဗလန်စီယာအသင်း တို့သည်အသင်း၏ လက်ရှိဂိုးသမား များကို အလှဲအလှယ်ပြုလုပ်ခဲ့ပြီး ဘရာဇီလ်းဂိုးသမား နီတိုကို ဘာစီလိုနာအသင်းသည် ပေါင် (၂၃) သန်းဖြင့်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ အသင်း၏ နယ်သလန်ဂိုးသမား ဆီလာဆန်ကို ပေါင် (၃၅) သန်းဖြင့် ဗလန်စီယာသို့ပြန်လည်ရောင်းချခဲ့ကြောင်းသိရသည်။

-    ယခုတစ်ပတ်တွင်ကစားမည့် MNL မြန်မာနယ်ရှယ်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၄) တွင် ရခိုင်ယူနိုက်တက်အသင်းသည် အဝေးကွင်းပွဲစဉ်အဖြစ် မကွေးအသင်းနှင့်ကစားရမည်ဖြစ်ပြီး အသင်းခေါင်းဆောင်ငြိမ်းချမ်း နှင့် အောင်သန့်ဇော်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားခွင့်ရမည်မဟုတ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ