ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် ပထမဆုံး တကိုယ်တော်ပန်းချီပြပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 328

အောင်လင်းထွန်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပထမဆုံး တကိုယ်တော်ပန်းချီပြပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပန်းချီပြပွဲကို ပန်းချီဆရာ ဦးမောင်မောင်စော (ရခိုင်ညွန့်ဖူး)က စစ်တွေမြို့ မင်းဘာကြီးလမ်းရှိ အိမ်အမှတ် ၁၉ဝ တွင် ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပန်းချီပြပွဲကို ရခိုင်ညွန့်ဖူး ပန်းချီပြခန်း-ကဖီး အမည်ဖြင့်ဖွင့်လှစ်ခဲ့ပြီး ပန်းချီဝါသနာရှင်များအတွက်လည်း ပန်းချီပစ္စည်းများနဲ့ ပန်းချီသင်တန်းများကိုပါဖွင့်လှစ်သွားမည်ဟု ပန်းချီဆရာ ဦးမောင်မောင်စော (ရခိုင်ညွန့်ဖူး)က ပြောသည်။

"ပန်းချီအနုပညာနဲ့ပတ်သက်ပြီး လူတွေကိုတဖြည်းဖြည်းနဲ့ ပန်းချီအနုပညာကိုရင်းနှီးလာအောင် ဒီကော်ဖီဆိုင်ကို တွဲပြီးလုပ်တာဖြစ်တယ်။ ပန်းချီပြခန်းကိုလာရင်းနဲ့ ကော်ဖီသောက်လို့ရတယ်။ ကော်ဖီယဉ်ကျေးမှုကိုလည်း မိတ် ဆက်ရင်းနဲ့ ဒီဘက်က ပန်းချီအနုပညာနဲ့လည်း ပိုပြီးရင်းနှီးလာအောင် လုပ်ပေးလို့ရတယ်။"ဟု ၄င်းက ပြောကြားသည်။

အဆိုပါပန်းချီပြခန်းတွင် ရခိုင့်ရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ရုပ်ပုံများ၊ ရခိုင့်အာဇာနည်ခေါင်းဆောင်များ၏ ရုပ်ပုံများ၊ ရခိုင့်စာပေပညာရှင်များ၊ ရခိုင့်နိုင်ငံရေးခေါင်းဆောင်များ၏ရုပ်ပုံများကို ချိတ်ဆွဲပြသထားသည်။

"ခုလို စစ်တွေမြို့မှာ ပန်းချီပြခန်းကိုမြင်လိုက်ရတော့ အတိုင်းမသိဝမ်းသာတယ်။ ရခိုင်ပြည်က အစစအရာရာ ချွတ်ယွင်းနေတဲ့အချိန်မှာ ပန်းချီသမားတွေအတွက် အဲလို ရခိုင်ပြည်ရဲ့ပုံရိပ်တွေကို ဖန်တီးပေးပြီးတော့ ပြခန်းကြီးတစ်ခုဖြစ်လိုက်တာဟာ လေးလံနေတဲ့ ရခိုင်ပြည်ရဲ့လိုအပ်ချက်တွေကို ပန်းချီဆရာတစ်ယောက် အနေနဲ့ အင်တိုက်အားတိုက် ကြိုးစားလုပ်လိုက်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်"ဟု ပန်းချီပြပွဲသို့တက်ရောက်ခဲ့သည့် စစ်တွေမြို့ ပန်းချီအသင်း ဒုဥက္ကဋ္ဌ ပန်းချီရှင်လှက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းပန်းချီပြခန်းဖွင့်ပွဲသို့ ပန်းချီသမားများနှင့် စာပေသမားများ စုစုပေါင်း လူဦးရေ ၇ဝ ဦးခန့် တက်ရောက်ခဲ့ကြပြီး ကဗျာများရွက်ဆိုခဲ့ကြသည်။

-----------------------------------

Unicode:


နိရ ဉ်စရာ၊ ဖဖျေောဝါရီ ၈/၂ဝ၂ဝ








ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!