ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကိုရိုနာကြောင့် ဘင်္ဂလာဒေ့ရှ်တွင် အမှန်တကယ်သေဆုံးသူက အစိုးရထုတ်ပြန်သည့် စာရင်းထက် ပိုများပြားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ ဇွန်လ ၂၉/၂ဝ၂ဝ

မြန်မာ့အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်မှာ အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းထက်များနေကြောင်း The Daily Star က သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ 

အစိုးရ၏ ထုတ်ပြန်ချက်အရ မနေ့က (ဇွန် ၂၈) ရက်နေ့ထိ တစ်နိုင်လုံး သေဆုံးသူ အရေအတွက်မှာ ၁၇၃၈ ဦး ရှိသည်ဟု ထုတ်ပြန်သော်လည်း ကျွမ်းကျင်သူများက အမှန်တကယ်သေဆုံးသူ အရေအတွက်မှာ ယင်းထက်များကြောင်း ပြောဆိုသည်။ 

ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင်သေဆုံးနှုန်းသည် အခြားနိုင်ငံများနှင့် နီးပါးဖြစ်သော်လည်းသက်ကြီးရွယ်အိုများ (၅၁ နှစ်နှင့်အထက်) သေဆုံးမှုမှာ တစ်ခြားနိုင်ငံအများစုထက် ပိုမိုများပြားသည်ဟုဆိုသည်။ 

ယမန်နေ့ (ဇွန်လ ၂၈ ) ရက်နေ့က Covid-19 ရောဂါကြောင့် ဘင်္ဂလာဒေ့ရှ်တွင် သေဆုံးမှု ၄၃ ဦးရှိခဲ့ပြီး ၂ဝ၂ဝ ခုနှစ် မတ် ၁၈ ရက်နေ့ ပထမဆုံး လူနာ သေဆုံးပြီးကတည်းက မနေ့ကထိ သေဆုံးသူ ဦးရေမှာ ၁,၇၃၈ ယောက်ရှိသွားပြီဟု အစိုးရ၏ တရားဝင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

Coronavirus ကူးစက်မှု အသစ် ၃၈ဝ၉ ခုကို ဇွန်လ ၂၈ ရက် ယမန်နေ့က တစ်နေ့တည်းတွင် တွေ့ရှိခဲ့ပြီး ဘင်္ဂလာဒေ့ရှ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါ ကူးစက်ခံရသူ မှာ စုစုပေါင်း တစ်သိန်းသုံးသောင်း ခုနှစ်ထောင်ခုနှစ်ရာ ရှစ်ဆယ်ခုနှစ် (၁,၃၇၇၈၇) ဦး သို့ရောက်ရှိခဲ့သည်ဟု ကျန်းမာရေး ဝန်ဆောင်မှုဌာနမှ အထွေထွေညွှန်ကြားမှု ဦးစီးဌာန (DGHS) မှ သတင်းထုတ်ပြန်သည်။ 

ဘင်္ဂလားဒေ့ရ်ှသည် ကမ္ဘာပေါ်တွင် ၁၇ ခုမြောက် အဆိုးရွားဆုံးသော ကိုးဗစ်ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံဖြစ်သည်။

 DGHS ၏ နောက်ထပ် ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ Nasima Sultana မှ  Covid-19 လူနာတွေထဲမှာ သေဆုံးမှုနှုန်းဟာ ၁ ဒဿမ ၂၆ ရာခိုင်နှုန်းရှိကြောင်း အတည်ပြုပြောဆိုသည်။ 

အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်ထားသော ထုတ်ပြန်ချက်အပြင်  အနည်းဆုံးလူပေါင်း ၈၆၁ ဦး သည် Covid-19 လက္ခဏာများကြောင့် သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရ်ှငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ (BPO) ၏အဆိုအရ သိရသည်။

(နိရဥ္စရာသတင်းဌာနမှ စစ်တကောင်းမြို့ရှိ ရခိုင်မိသားစုတစ်ခုသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများပြားနေပြီး တစ်ချို့မှာ ဆေးရုံမရောက်ဘဲ လမ်းပေါ်တွင် သေဆုံးမှုများ ရှိနေသည်ကို တွေ့ရကြောင်း၊ အစိုးရမှ ထုတ်ပြန်သော စာရင်းမှာ ဆေးရုံသို့ တက်ရောက်ကုသူများ၏ အသေအပျောက်စာရင်းသာ ဖြစ်ပြီး ဆေးရုံမရောက်ဘဲ သေဆုံးသူများ၏ စာရင်းမပါဝင်ကြောင်း၊ အထူးသဖြင့် လူနေထူထပ်သော မြို့ပြများတွင်သာမက မြို့ငယ်များနှင့် ကျေးလက်တောရွာများတွင်လည်း ကူးစက်မှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားသည်။)

"ယခုဓာတ်ပုံသည် ကိုရိုနာရောဂါရှိသည့် အထင်ဖြင့် တူဖြစ်သူက အဒေါ်ဖြစ်သူကို ဘင်္ဂလာဒေ့ရှ် ခရိုင်မြို့ကြီးတစ်ခု၏ လမ်းပေါ်တွင် စွန့်ပစ်ခဲ့သည့် ပုံဖြစ်သည်။"

Source: Real death rate higher than official


ဆက်စပ် သတင်းများ