ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စစ်တွေမှရခိုင်ကျောင်းသား ၃ ဦးအာမခံဖြင့်ပြန်လွတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3k

နိရဥ္စရာ၊ စက်တင်ဘာ၂၂/၂ဝ၂ဝ

စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်၍ ဖမ်းဆီးခံထားရသူ ကျောင်းသား သုံးဦး ယနေ့ အာမခံဖြင့် ပြန်လွတ်လာသည်ဟု သတင်းရရှိသည်။

သူတို့ သုံးဦးမှာ ရခို်င်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်နှင့် ကိုဦးသန်းနို်င်တို့ ဖြစ်ကြသည်။

၎င်းတို့ သုံးဦးသည် စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီခန့်က ပိုစတာ၊ ၎င်းတို့ ကျောင်းသားအဖွဲ့၏ အလံကို ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် ရခိုင်ပြည်နယ် အစိုးရအား အလိုမရှိကြောင်း အပါအဝင် တောင်းဆိုချက် တချို့ကို တောင်းဆို ထုတ်ဖော်ပြောဆို ဆန္ဒပြခဲ့ကြသည့်အတွက် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည့် ကျောင်းသား ၃ ဦးအား ငြိ်မ်းစုစီ ဥပဒေ ပုဒ် ၁၉ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ (၂၅) ဖြင့် စက်တင်ဘာ ၁ဝ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် အမှုဖွင့်ပြီး ရမန် ၁၄ ရက် ယူခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့တွင် စစ်တွေမြို့နယ် တရားရုံးမှ ဘေးစီမံ ဥပဒေဖြင့် တရားမစွဲဘဲ ငြိမ်းစုစီဖြင့် တရားစွဲဆိုကာ အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ