ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တွေ - မြေပုံ မလိခရေယာဉ် ရေဝင်၍ စစ်တွေသို့ ပြန်လှည့်ခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၂ /၂ဝ၂ဝ

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပေါက်တော၊ မင်းပြား၊ မြေပုံမြို့သို့ ယနေ့ ထွက်ခွာလာသည့် မလိခ ရေယာဉ်တွင် ရေဝင်လာသဖြင့်  စစ်တွေသို့ ပြန်လှည့်လာခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ ရေယာဉ်မှာ  ယနေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်တွေမြို့မှ စတင် ထွက်ခွာစဉ် ကုလားတန်မြစ်ဝ အရောက်တွင် ယာဉ်အတွင်းသို့ ရေများ ၅ လက်မခန့်အထိ ဝင်ရောက်လာသဖြင့် ခရီးသည်များ ကြောက်လန့်၍ ဆက်မသွားလိုတော့သည့်အတွက် ပြန်လှည့်ခဲ့ရကြောင်း သိရသည်။

“သူတို့ပြောတာတော့ အိမ်သာရေပိုက်ပေါက်လို့ဝင်လာတယ်ပြောတယ်။ ခဏနေရင် အဲယားကွန်း ပိုက်ပေါက်လို့ ဝင်တယ်ပြောပြန်တယ်။ ရေတွေက ခြေမျက်စိမြုပ်တဲ့အထိ ဒလဟော ဝင်လာတာပါ။ သူတို့က သုံးမြို့နယ်လုံး တစ်ခါတည်း တစ်စီးတည်းထွက်တော့ လူတွေလည်း အပြည့်ပါတယ်။ လူတွေလည်းကြောက်ပြီး အော်ကြတော့ ပြန်လှည့်ပေးခဲ့တာပါ။ အဲဒီအချိန် တအား ကြောက်မိပါတယ်။ သေတော့မယ်ဆိုပြီး အကုန်လုံးကြောက်လို့ အော်ကြတယ်။ ပြည်သူတွေဆီက ငွေကိုယူပြီး ပြည်သူတွေရဲ့အသက်ကိုတော့ တန်ဖိုးထားပေးစေချင်ပါတယ်”ဟု ရေယာဉ်ပေါ်တွင် လိုက်ပါခဲ့သော ခရီးသည် မရွှေဇင်သက်က နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ရေယာဉ်အတွင်း ရေများဝင်ရောက်လာချိန်တွင် ရေယာဉ်လုပ်သားများမှ ခရီးသည်များအား အသက်ကယ်အင်္ကျီများ ဝတ်ဆင်စေခဲ့ပြီး ဆက်လက်ထွက်ခွာရန် ပြင်ဆင်ရာ ခရီးသည်များက ဆက်မသွားလိုကြောင်းတောင်းဆိုသဖြင့် ပြန်လှည့်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ရေယာဉ်ပြန်လှည့်ခဲ့ရတာက အိမ်သာထဲက ရေပိုက်ပေါက်လို့ရေတွေ ဝင်လာလို့ပါ။ အိမ်သာ ရေပိုက်က စက်ခန်းထဲက ရေပိုက်နဲ့လွှတ်ပေးရတာပါ။  တခြားဖြစ်တာ မရှိပါဘူး။  ခရီးသည်တွေ စိုးရိမ်လွန်လို့ ပြန်လှည့်ပေးခဲ့တာပါ။ နောက်ထပ်တစ်စီးနဲ့ အစားထိုးထွက်ခွာပေးခဲ့ပါတယ်။ ခရီးသည်တွေက အခုလိုဖြစ်သွားတဲ့အတွက် စိတ်ဆိုးသွားကြပါတယ်။ ကျွန်တော်တို့လည်း အားနာပါတယ်။ အတတ်နိုင်ဆုံးလည်း နားလည်အောင်ပြောပြလိုက်ပါတယ်” ဟု မလိခ ရေယာဉ်လိုင်းမှ စီမံခန့်ခွဲရေး မန်နေဂျာ ကိုစိုးမိုးလင်းက ပြောသည်။

မလိခရေယာဉ်လိုင်းအနေဖြင့် စီးနင်းလိုက်ပါသူများ နည်းပါးလာသောကြောင့် မြို့နယ်တစ်ခုချင်းစီ ရေယာဉ်တစ်စီးချင်း ထွက်ခွာနိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ ၃ မြို့နယ်ပေါင်း၍ ပြေးဆွဲနေရခြင်း ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းမှ သိရသည်။

------------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၂၂ /၂ဝ၂ဝ











ဆက်စပ် သတင်းများ