စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

လိုင်ချီးမှ ရသော ဦးနှောက်ရောင်ရမ်းနာရောဂါဖြင့် အိန္ဒိယတွင် ကလေးငယ် ၃၁ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 1.7k

နိရဥ္စရာ၊ ဇွန်လ ၁၂/ ၂ဝ၁၉

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ၁ဝ ရက်အတွင်း  အနည်းဆုံး ကလေး ၃၁ ဦးမှာ ဦနှောက် ရောဂါဖြင့် သေဆုံးခဲ့ပြီး ယင်းရောဂါမှာ လိုင်ချီး (lychee) အသီးမှ ရှာဖွေတွေ့ရှိသော အဆိပ်သင့်စေသောအရာနှင့် ဆက်စပ်မှုရှိသည်ဟု ယုံကြည်ရကြောင်း ကျန်းမာရေး အရာရှိများက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

၎င်းသေဆုံးမှုမှာ ဘီဟာပြည်နယ် Muszaffarpur ခရိုင်မှ ဆေးရုံ ၂ ခုတွင် ဖြစ်ပွားခဲ့ပြီး ၎င်းခရိုင်သည် စိမ်းစိုသန်စွမ်းသော လိုင်ချီးဥယာဉ်ခြံများကြောင့် ကျော်ဇော ဂုဏ်သတင်းကြီးသည်ဟု ၎င်းအရာရှိများက ပြောဆိုကြောင်း သတင်းတွင် ဖော်ပြသည်။

သေဆုံးသွားသူ ကလေးငယ်များ၏ တွေ့ရှိရသည့် ရောဂါလက္ခဏာမှာ ပြင်းထန် ထူးခြားသော ဦးနှောက်ရောင်ရမ်းနာ ရောဂါ လက္ခဏာ ပြကြောင်း ၊ ၎င်းပြင် အများဆုံး သူတို့၏ သွေးများထဲတွင် ဂလူးကို့ ရုတ်တရက်ဆုံးရှုံးမှုကို ခံစားရကြောင်း အဆင့်မြင့် ကျန်းမာရေး အရာရှိ Ashok Kumar Singh က AFP သတင်းဌာနသို့ ပြောကြားသည်။

ကျန်းမာရေးဌာနမှ ကလေးငယ်များကို နေ့အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ် (၁ဝ၄  ဖာရင်ဟိုက်) ထိမြင့်တက်နေသော ပူပြင်းသော နွေရာသီတွင် လူများအနေဖြင့် ဂရုစိုက်ကြရန် အကြံပြုချက် တစ်ခုကိုထုတ်ပြန်ခဲ့သည်ဟု Singh ကပြောသည်။

အနည်းဆုံး တစ်ခြား ကလေးငယ် ၄ဝ မှာ အလားတူရောဂါ လက္ခဏာများရှိနေပြီး အထူးကြပ်မတ် စောင့်ရှောက်မှု ယူနစ်တွင် ကုသခံနေကြသည်။

၎င်းကလေးငယ်များအား ကယ်တင်ရန် အကောင်းဆုံးကြိုးစားနေကြောင်း Sri Krishna ဆေးကောလိပ်နှင့် ဆေးရုံ၏  ဆေးဘက်ဆိုင်ရာ တာဝန်ရှိဆုံးပုဂ္ဂိုလ်  SP Singhက ပြောကြောင်း၊ ၎င်းရောဂါမှာ ပုံမှန်အားဖြင့်  နှစ်စဉ်နှစ်တိုင်း နွေရာသီအချိန် တွင် Muzaffarpur နှင့် ၎င်း၏ အနီးအနား ခရိုင်များတွင် လိုင်ချီး ရာသီအချိန်နှင့်တိုက်ဆိုင်ပြီး ၁၉၉၅ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဦးနှောက်ရောဂါမှာ ထူးခြားဆန်းပြားအသီးတွင် တွေ့ရှိသည့် အဆိပ်အတောက်ပစ္စည်းများနှင့် ချိတ်ဆက်မှု ရှိနိုင်သည်ဟု အမေရိကန်သုတေသီများ ၂ဝ၁၅ ခုနှစ်တွင် ပြောကြားခဲ့သည်ဟုဆိုသည်။

Encephalitis from litchis kills 31 children in India

ဆက်စပ် သတင်းများ