ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအား ရခိုင်အရပ်ဖက်အဖွဲ့များ(ရန်ကုန်)မှ သွားရောက်ကူညီမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 953

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၁၆/၂ဝ၁၉

မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများထံသို့ ရခိုင်အရပ်ဖက်အဖွဲ့များ(ရန်ကုန်)မှ ကိုယ်တိုင် ကိုယ်ကျ အကူညီများ သွားရောက် လှူဒါန်းသွားမည်ဟု သတင်းရရှိသည်။

ရခိုင်အရပ်ဖက်အဖွဲ့(ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုထူပါက "ကျွန်တော်တို့ သွားမယ့် ခရီးစဉ်မှာ ကယ်ဆယ်ရေးထောက်ပံ့မူက နည်းကောင်းနည်းပါလိမ့်မယ်။ ဒါပေမယ့် ပြည်ထောင်စု စိတ်ဓာတ်နဲ့ တိုင်းရင်းသားတွေအကြား တစ်ဦးဒုက္ခဖြစ်တဲ့အခါ တစ်ဦးကသွားရောက်ကူညီတဲ့ သဘောပါ။ တိုင်းရင်းသား ချစ်ကြည်ရင်းနှီးမူ စိတ်ဓာတ်တွေနဲ့ သွားရောက် ကူညီမယ့် အကူအညီပါ" ဟု ကယ်ဆယ်ရေးသွားရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင်လည်း စစ်ဘေးဒုက္ခများခံစားနေရသော်လည်း ရခိုင်လူမျိုးများ၏ တိုင်းရင်းသားများ အကြား အချင်းချင်းချစ်ကြည်ရင်းနီးမူ ညီရင်းအစ်ကိုသဖွယ် နွေးထွေးမူ အပြန်အလှန် နားလည်မူကိုပြသခွင့်ရမည် ဖြစ်သဖြင့် များစွာအားရကျေနပ်စရာကောင်းသည့် ခရီးစဉ်ဖြစ်မည်ဟုလည်း ကိုထူပါက ဆက်လက်၍ပြောသည်။

ရခိုင်အရပ်ဖက်အဖွဲ့များ(ရန်ကုန်)သည် သြဂုတ် ၁၇ ရက်နေ့ ညနေတွင်  ရန်ကုန်သုဝဏ္ဏ အားကစားကွင်းရှေ့နှင့် မြောက်ဥက္ကလာပ ပိုးဝါ ဆိုင်ရှေ့မှ စတင်ထွက်ခွါမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်အရောက်တွင် ရခိုင်CSO Group(ရန်ကုန်)သည် ရခိုင်အသင်း(မွန်ပြည်နယ်)၊ ရခိုင်အသင်း (ကရင်ပြည်နယ်) တို့နှင့် ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းရှိ ရေနစ်မြုပ်ရာ နေရာများသို့  ဆက်လက်ထွက်ခွာကြမည်ဟု သိရသည်။

ဆက်စပ် သတင်းများ