သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်တွင် NLD ၏ ရွေးကောက်ပွဲဆိုင်းဘုတ်တစ်ခုဆုတ်ဖြဲခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂ဝ၂ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမာခံမြို့နယ် တစ်ခုဖြစ်သော တောင်ကုတ်မြို့နယ်တွင် NLD ၏ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တစ်ခု ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

၎င်းဆိုင်းဘုတ်မှာ တောင်ကုတ်မြို့နယ် မအီမြို့စျေးထိပ်တွင်ထောင်ထားသည့် NLD ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ် ဖြစ်ကြောင်း သိရသည်။

 တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်က “ ဘယ်သူဆုတ်ဖြဲသွားတယ်။ ဘာကြောင့်ဆုတ်ဖြဲသွာတယ်ဆိုတာကိုတော့ ကျနော်တို့ မသိဘူး။ အဲဒါကတော့ လုပ်သွားတဲ့လူဘဲ သိမယ်။ ကျနော်တို့ကတော့ ရဲစခန်းမှာ တိုက်ချက်ဖွင့်ထားပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ထိုသို့ ဆိုင်းဘုတ် ဖျက်ဆီးခံထားရခြင်းနှင့် ပတ်သက်ပြီး NLD ၏ တောင်ကုတ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၏ ပို့စ်တွင် “ ဗီးနိုင်းဆုတ်ဖြဲလိုက်လိုက်လို့လဲ ကျွန်မတို့ အဖွဲ့အစည်းကို ဘာမှ မထိခိုက်ပါဘူး။ ပြင်လို့ရပါတယ်။ ပြည်သူ့ရဲ့ ရင်ထဲကဆန္ဒမဲတွေကိုတော့ ပြန်ပြင်လို့ မရပါဘူး” ဟု ရေးသားဖော်ပြထားသည်။

၎င်းဆိုင်းဘုတ်သည် စက်တင်ဘာ ၁ဝ ရက်နေ့က ထောင်ထားသည့်ဆိုင်းဘုတ်ဖြစ်ပြီး ယနေ့မနက်က ဆုတ်ဖြဲထားသည်ကို တွေ့ရှိရသည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

(Photo by Chit Chaw)

ဆက်စပ် သတင်းများ