အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကော့သောင်တွင်ဖမ်းမိသည့် ဘင်္ဂလီ ၁၇ဝကျော်အား ရခိုင်သို့ပြန်ပို့ခြင်းမှာ ဆက်စပ်မှုရှိ၍ ပြန်ပို့ခြင်းဟု ရခိုင်နယ်လုံဝန်ကြီးပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၉/ ၂ဝ၂ဝ

ကော့သောင်တွင် ဖမ်းမိထားသည့် ဘင်္ဂလီလူမျိုး ၁၇၂ ဦးအား ရခိုင်သို့ ပြန်ပို့ရခြင်းမှာ ဒေသချင်း ဆက်စပ်မှုရှိနေ၍ ပြန်ပို့ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်က “ သူတို့ကို ရခိုင်ကိုပို့တယ်ဆိုတာက ရခိုင်နဲ့ ဘင်္ဂလားဒေရှ့် ဘက်က လူတွေနဲ့ဆက်စပ်နေတာကို အဲဒီတော့ သူ့နေရာသူ ပြန်ပို့တာ။ သူတို့တွေအထဲမှာ ရခိုင်ကတင် မဟုတ်ဘူး။ ဘင်္ဂလားဒေရှ့်ဘက်ကလူတွေလည်းပါတယ်” ဟု နိရဥ္စရာသတင်းဌာနအားပြောသည်။

၄င်းဘင်္ဂလီ ၁၇၂ ဦးသည် မလေးရှားနိုင်ငံသို့ထွက်ခွာနေသောစက်လှေဖြင့် ထွက်ခွာလာစဉ်  မြန်မာ့ရေပိုင်နက် ကော့သောင်မြို့နယ်၊ သံကျွန်း(ရေမိုင်- ၁၃၅မိုင်)တွင် ၂ဝ၁၉ခုနစ် ဒီဇင်ဘာလ (၁၅) ရက်နေ့က  မြန်မာ့တပ်မတော် (ရေ)မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဇာဒက်ငယ်ကျွန်းအနီး ဂျပန်အော်တွင် ၎င်းတို့ကို ထိန်းသိမ်းထားခဲ့သည်။ 

၎င်းနောက် ဇန်နဝါရီ ၈ရက်နေ့က ၎င်းတို့အား ရေကြောင်းဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပို့ဆောင်ထားသည်ဟု သိရသည်။

“ သူတို့ကဒီကိုမရောက်သေးဘူး။ စစ်တွေကတော့ နည်းနည်းလေးဘဲပါတာပါ။ ၁၅ ယောက်လား ၁၇ ယောက် လားမသိဘူး။ ကျန်တာမောင်တောဘက်ကပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ကပါတယ်။ ဘင်္ဂလားဒေရှ့် ဒုက္ခသည် စခန်းကပါတယ်။ စစ်တွေက လူတွေကို စစ်တွေမှာခေါ်ထားလိုက်ပြီး ကျန်တဲ့အဖွဲ့ UEHRD အစီစဉ်နဲ့လက်ခံမှာ။ UEHRD အစီစဉ်နဲ့ လက်ခံတယ်ဆိုတာကဘောင်နဲ့ စည်းကမ်းနဲ့ ညီတဲ့လူတွေကိုဘဲ လက်ခံတာ။ ဘောင်နဲ့ စည်းကမ်းနဲ့  မညီဘူးဆိုရင် လက်မခံဘူး” နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က ပြောသည်။

စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇောဦးက “ ဒီဘင်္ဂလီကိစ္စဟာ စံနစ်တစ်ခုအနေနဲ့ အတိကျသွားရမယ့် အနေထားဖြစ်နေပါပြီ။ ဒီဘင်္ဂလီတွေဟာ ဒီဘက်က နယ်စပ်မလုံခြုံမှုမှာ ခိုးဝင်လာတွေ အများကြီး ရှိတယ်။ လူဝင်မှု ကြီးကြပ်ရေး ပြသနာဖြစ်တယ်။ ကျွန်တော်တို့က လက်မခံရင်မရဘူးဆိုပြီး နိုင်ငံတကာက ဖိအားနေတဲ့အချိန်မှာ ကျွန်တော်တို့ စနစ်တကျ ဘာလုပ်သင့်လဲဆိုရင် တစ်အချက်က မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ပြီး နိုင်ငံသား ဖြစ်ခွင့်ရှိတဲ့လူတွေကို ဖြစ်ခွင့်ပေးပေါ့။ အဲဒီပေးပြီး နိုင်ငံသားဖြစ်သွားတဲ့လူတွေကိုလည်း ရခိုင်ပြည်နယ်မှ သာမဟုတ် မြန်မာတစ်နိုင်ငံလုံးကို သွားခွင့်ပြုသင့်တယ်” ဟု ပြောဆိုသည်။ 

၎င်းပြင်သူက “ နံပါတ် ၂ အချက်က နိုင်ငံသား ဥပဒေအရသော်လည်းကောင်း၊ ဥပဒေ မဟုတ်ဘဲသော်လည်းကောင်း လက်ခံရမယ်ဆိုပြီး နိုင်ငံတကာက ဖိအားပေးနေတာတွေရှိနေတဲ့ ကာလမှာ စစ်မှန်တဲ့ပြည်ထောင်စုတစ်ခုအနေနဲ့ တရားမဝင် ဝင်ရောက်နေတဲ့ ဘင်္ဂလီတွေကို ယာယီဖြန့်ခွဲချထားသင့်တယ်။ ယာယီနေရာချထားတယ်ဆိုတဲ့ အဆင့်ကနေ ဒီဘင်္ဂလီတွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာ အချိုးကျ နေရာချထားဖို့ စဉ်းစားသင့်တယ်” ဟု ဆက်လက် ပြောဆိုသည်။ 

ဘင်္ဂလားဒေရှ့်ကို ရောက်ရှိနေသည် နေရပ်စွန့်ခွာသူ ၃၄၅ဝ ကျော်ကို ၂ဝ၁၉ခုနစ် သြဂုတ်လ ၂၂ ရက်နေ့တွင် မြန်မာဘက်သို့လွှဲပြောင်းပေးမည်ဆိုသည့်အတွက် မြန်မာနိုင်ငံအစိုးရမှ မောင်တောမြို့နယ်တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းမှ စောင့်ဆိုင်းခဲ့ကြသော်လည်း ပြန်လာသူ တစ်ယောက်မှ မရှိခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂ဝ၁၇ ခုနစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဘင်္ဂလီ လူဦးရေ ၇ သိန်းနီးပါး ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်ခဲ့သည်။

--------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၉/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ