သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အရှည် ၄၆ ပေရှိသော ဝေလငါးကြီး မောင်တောကမ်းခြေတွင် သေဆုံးလျက်တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

ထွန်းခိုင်(တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၁၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော် ပင်လယ်ကမ်းခြေတွင် အရှည် ၄၆ ပေရှိသော ဝေလငါးကြီးတစ်ကောင်ကို သောင်တင် သေဆုံးလျက်တွေ့ရှိရကြောင်း ဒေသခံများက သတင်း ပေးပို့သည်။

၎င်းဝေလငါးကို ဇန်နဝါရီလ ၁၅ရက်နေ့ ညနေ ၅ နာရီကျော် အချိန်တွင် ဒေသခံများက သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု အလယ်သံကျော်ကျေးရွာ၏ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါဝေလငါးကြီးသည် အရှည် ၄၆ ပေ၊ အမြင့် ၇ ပေ၊ လုံးပတ် ၃ဝ ပေခန့်ရှိကြောင်းသိရသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက “ ငါးလုပ်ငန်း ဦးစီးဌာနကို အဆင့်ဆင့် တင်ပြထားတယ်။ ဝေလငါးအမျိုးအစားပါ။ ငါးကလည်း ပုတ်နေပြီဆိုတော့လေ။ အရိုးကိုတော့ တစ်ခုခု လုပ်မှာပေါ့။ အခုအချိန်ထိတော့ ဘာလုပ်မယ်ဆိုတာ မသိရသေဘူး” ဟု ပြောကြားသည်။

 အဆိုပါကမ်းခြေတွင်း ယခုကဲ့သို့ ဝေလငါးကြီးသောင်တင်သေဆုံးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

-----------------------------


နိရဉ်စရာ၊ ဇနျနဝါရီ  ၁၆/ ၂ဝ၂ဝ






ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!