ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် လူငယ်များပါဝင်လာစေရန် စစ်တွေက္ကသိုလ်တွင် ဆွေးနွေးပွဲကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.7k

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁ဝ/၂ဝ၂ဝ

ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် လူငယ်များပါဝင်လာရန် “ ငြိမ်းချမ်းရေးနှင့်လူငယ်များ” ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

၄င်းဆွေးနွေးပွဲကို စစ်တွေတက္ကသိုလ်ကျောင်းသူ/သားများက ဦးဆောင်းကာ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲဦးဆောင်ကျင်းပသည့် စစ်တွေတက္ကသိုလ် အင်္ဂလိပ်မေဂျာမှ တတိယနှစ်ကျောင်းသူ မစုမြတ်ကေသီခိုင်က “လူငယ်တွေက ပဋိပက္ခတစ်ခုဖြေရှင်းတဲ့အခါမှာ ဆွေးနွေးညှိနှိုင်းတဲ့ အလေ့ အထ တစ်ခုပေါ်ပေါက်လာစေဖို့နဲ့ ငြိမ်းရေးဖြစ်စဉ်မှာ လူငယ်တွေအသံကိုပိုပြီးကြားလာဖို့ လူငယ်တွေကို အဓိကထားပြီးလုပ်တာပါ”ဟု နိရဥ္စရာကိုပြောသည်။

လက်ရှိတွင် လူငယ်များသည် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာ၌ စိတ်ဝင်စားမှု နည်းပါး နေကြသည့်အတွက် လူငယ်များအနေဖြင့် ငြိမ်းချမ်းရေးကိုပို၍ ပါဝင်ရန် လိုအပ်သည်ဟုဆိုသည်။
စစ်ပွဲပဋိပက္ခများဖြစ်လျှင် ပြည်သူများ ထိခိုက်နစ်နာပြီး စစ်ပွဲများကို ရပ်တန့်ရန်နှင့် လူငယ်များ အချင်းချင်း၊ တိုင်းရင်းသားများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း ၄င်းက ဆက်ပြောခဲ့သည်။

ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် စစ်တွေတက္ကသိုလ်မှ တွဲဖက်ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်က “ဒီဆွေးနွေးပွဲက တစ်ကယ်ကိုလုပ်သင့်တဲ့ ဆွေးနွေးပွဲပါ။ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့နိုင်ငံအတွက် လိုအပ်နေတဲ့ အရာတစ်ခုဖြစ်တယ်။ ဒီဆွေးနွေးပွဲကတဆင့် တိုင်းပြည် ငြိမ်းချမ်းအောင် ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းရမလဲ စတဲ့အတွေးအခေါ်ကို ရရှိလာမယ်လို့ ထင်တယ်။ လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးတက်တက်ကြွကြွပါဝင်လာရင် ကောင်းမယ်”ဟု ပြောသည်။

၄င်းဆွေးနွေးပွဲသည် စစ်တွေတက္ကသိုလ်တွင် ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ကျောင်းသူ/ကျောင်းသား ၅ဝ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

--------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁ဝ/၂ဝ၂ဝ







ဆက်စပ် သတင်းများ