သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အရှေ့အလယ်ပိုင်းသို့ အမေရိကန်စစ်သား ၁ဝဝဝ ထပ်စေလွတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 4.1k


နိရဥ္စရာ၊ ဇွန် ၁၈/ ၂ဝ၁၉


အီရန်နှင့် အခြေအနေ တင်းမာနေချိန်တွင် အရှေ့အလယ်ပိုင်းဒေသသို့ နောက်ထပ် အမေရိကန် တပ်သား ၁ဝဝဝ အပိုဆောင်း စေလွတ်မည် ဖြစ်ကြောင်း အမေရိကန် ကြေညာသည်။


ခေတ္တကာကွယ်ရေးအတွင်းရေးမှူးပက်ထရစ် Shanahan က ယခု ဖြန့်ကျက်မူသည် အီရန်တပ်ဖွဲ့များ၏ "ရန်လိုသောအပြုအမူများ" ကို တုန့်ပြန်ရန် အတွက် ဖြစ်သည်ဟု ပြောသည်။


အပိုဆောင်း စေလွှတ်မည့် အမေရိကန် တပ်ဖွဲ့ဝင်များတွင် ဒေသတွင်း၌ ထောက်လှမ်းရေး၊  စောင့်ကြည့်ရေး တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့များ ပါဝင်မည်ဟု ပင်တဂွန်က ထုတ်ပြန်သည်။


အမေရိကန်ရေတပ်မှလည်း များမကြာမီ အိုမန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှု အပေါ် အီရန်နှင့် ဆက်စပ်သည့် အသစ် ပုံရိပ်များကို ဖြန့်ဝေခဲ့သည်။


အီရန်မှ ၎င်းတို့ အနေဖြင့် နျူကလီယားရည်မှန်းချက်မှုကို  ထိန်းချုပ် နေမှု အပေါ် ၂ဝ၁၅  သဘော တူညီချက်၏ တစိတ်တပိုင်းနှင့် အချိန်အကြာကြီး လိုက်လျောနိုင်မည်  မဟုတ်တော့ဟု တနင်္လာနေ့က ကြေညာသည်။


တရုတ်က မူ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်နှင့် တစ်ခြား အဖွဲ့အစည်းများကိုလည်း ၂ဝ၁၅  နျူကလီးယားသဘော တူညီချက်မှ အီရန်မစွန့်ခွာရေး  ပူးပေါင်းကြရန် တိုက်တွန်းခဲ့သည်။


Ref: Gulf of Oman: US sends more troops amid tanker tension with Iran


ဆက်စပ် သတင်းများ