ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဗြိတိန်လေကြောင်းလိုင်း ကိုင်ရိုခရီးစဉ် ၇ ရက်ရပ်ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 708

နိရဥ္စရာ၊ ဇူလိူင် ၂၁/ ၂ဝ၁၉

ဗြိတိန်လေကြောင်းလိုင်းနှင့် Lufthansa လေကြောင်းလိုင်းတို့သည် ရုတ်တရက် လုံခြုံရေး စိုးရိမ်ပူပန်မှုများကြောင့် အီဂျစ်နိုင်ငံ ကိုင်ရိုသို့ ပျံသန်းနေသည့် လေယာဉ်ခရီးစဉ်ကို စနေနေ့မှ စ၍ ၇ ရက်အထိ ရုပ်ချည်း ရပ်ဆိုင်းလိုက်သည်။

ယခုလိုချက်ချင်း ရပ်တန့်ရခြင်းမှာ လုံခြုံရေးကြောင့်ဆိုသော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိဟုဆိုသည်။

ကမ္ဘာတဝှမ်းလုံးရဲ့ လေဆိပ်များ၏ လုံခြုံရေး အစီစဉ်တွေကို အစဉ်တစိုက် သုံးသပ်သလို  ကြိုတင်ကာကွယ်မှုအဖြစ် လုံခြုံရေး အစီအစဉ်များကို ပြန်လည်သုံးသပ်နှင့် ထပ်မံအကဲဖြတ်ရန်အတွက်ဖြစ်ကြောင်း ဗြိတိန်လေကြောင်း၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

Lufthansa (LHAG.DE) နောက်ပိုင်းတွင် ပြောသည်မှာ  မြူးနစ်နှင့် ဖရန့်ဖက် Frankfurt က တနင်္ဂနွေနေ့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်ကို ဖျက်သိမ်းကြောင်း၊ တနင်္ဂနွေတွင် ၎င်းတို့၏ ပျံသန်းမှုပြန်လည်စတင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

British Airways ၏ IAG (ICAG.L) ယူနစ်မှလည်း လုံခြုံမှုကို မလုပ်နိုင်လျှင် လေယာဉ်ပျံ သန်းမှုကို မည်သည့်အခါမှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ လေကြောင်းလိုင်းရုပ်ချည်း ရပ်ဆိုင်းလိုက်သည့် အပေါ်နှင့် လုံခြုံရေး အစီအစဉ်များကို ပြန်လည် သုံးသပ်မှုကို မေးမြန်းသောအခါမှာလည်း လေကြောင်းလိုင်းပြောခွင့်ရသူက ကျနော်တို့က လုံခြုံရေးကိစ္စရပ်များကို တစ်ခါမှ မဆွေးနွေးပါဟု တုန့်ပြန်သည်ဟုဆိုသည်။

အီဂျစ် လေဆိပ်လုံခြုံရေး သုံးဦး၏ သတင်းရပ်ကွက်များအရ ဗြိတိန်ဝန်ထမ်းများသည် ဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့များက ကိုင်ရို လေဆိပ်လုံခြုံရေးကို စစ်ဆေးခဲ့ကြောင်း၊ သို့သော် အသေးစိတ် Reuters ပြောဆိုခဲ့မှု မရှိကြောင်း သတင်းတွင် ဖော်ပြသည်။

ဗြိတိသျှနိုင်ငံခြားရေးရုံးမှ ဗြိတိသျှလေကြောင်းလိုင်း ရပ်ဆိုင်းထားမှုကြောင့် ဗြိတိန်ခရီးသွားများ ထိခိုက်မှုရှိပါက ၎င်းလေးကြောင်းလိုင်းသို့ ဆက်သွယ်ရန် ၎င်း၏ ခရီးသွားအကြံပေးက စနေနေ့က နောက်ဆုံး ထုတ်ပြန်ထားသည်။

British Airways suspends flights to Cairo for 7 days

ဆက်စပ် သတင်းများ