- Web Master
- ၀၂ ဒီဇင်ဘာ ၂၀၂၃
ကရင်ပြည်နယ်၊ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီး တပ်မ ၄၄ တပ်မှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ဦးခန့် သေဆုံးသွားခဲ့သည်ဟု ကရင်သတင်းစဉ် ကေအိုင်စီတွင် သတင်းဖော်ပြသည်။
ယနေ့ မွန်းလွဲ ၂နာရီခွဲက မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း- ခမရ (၃၅၅ )တွင် ကောင်စီ စစ်ရဟတ်ယာဉ် ပစ်ချခံရခြင်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့ က စနိုက်ပါ လက်ဖြောင့်သေနတ်သမားက ပစ်ခတ်ရာတွင်
လေယာဉ်မှူးကို ထိမှန်သည့်အတွက် ယခုလို ရဟတ်ယာဉ်ပျက်ကျပြီး ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်မြေပြင် သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်းဖော်ပြသည်။
ပစ်ချခံရသည့် ရဟတ်ယာဉ်မှာ တပ်ချိန်းရန်လာသည့် ရဟတ်ယာဉ်ဖြစ်ပြီး အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် တပ်မဟာ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်နှင့် အရာရှိ အချို့ လိုက်ပါလာခဲ့သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထာသည်။
၎င်းစစ်ရဟတ်ယာဉ်သည် ခမရ ၃၅၅/၃၅၆ တပ်ရင်း ၂ခု နေရာ အကြား တောအုပ်အတွင်း ပျက်ကျကြောင်း သိရပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သင်္ဃန်းညီနောင် ဒေသခံများက ပြောသည်။
ဓာတ်ပုံ:KIC/CJ