ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောက်ဖြူ-ရန်ကုန် ခရီးသည်တင် ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျရာမှ ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၂ဝ/၂ဝ၂ဝ

ရန်ကုန်မြို့မှ ကျောက်ဖြူသို့ မောင်းနှင်လာသည့် ခရီးသည်တင် ဘတ်စ်ကား တစ်စီး ယနေ့နံနက်က ရမ်းဗြဲမြို့နယ် ကုလားပုန်း မြိုချိန် ကျေးရွာအနီး ချောက်ထဲကို ထိုးကျသွားသဖြင့် အနည်းဆုံး ခရီးသည် ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ကုလားပုန်းမြိုချိန်ကျေးရွာမှ အမျိုးသမီးတစ်ဦးက “ အခု အလောင်း သုံးလောင်းကို ဆွဲတင်ထားပြီ။ ယေင်္ာကျားလေး  ၂ ယောက်နဲ့ ယောကျ်ားကြီးတစ်ယောက်ပါ။ ယောကျ်ားက ကားစပယ်ယာလို့ သိရပါတယ်။ ကလေးနှစ်ယောက်ကတော့ ဘယ်သူတွေလည်းဆိုတာ မသိရသေးဘူး။ ကားအောက်မှာလည်း မိန်းမကြီး တစ်ယောက် ပိပြီး သေနေတယ်လို့ ပြောတယ်။ ဘယ်နှစ်ယောက်သေတယ်ဆိုတာကို ကားကိုဆွဲတင်ပြီးမှ သိရမှာပါ” ဟု ပြောကြားသည်။

ခရီးသည်တင်ကားမှ မျိုးဆက်သစ် Aircon Bus ဖြစ်ပြီး ယနေ့ နံနက် ၄ နာရီကျော်က ရမ်းဗြဲမြို့နယ် ပိန္နဲတောင်အဆင်းတွင် ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟု သူမက ပြောကြားသည်။

“ ဒဏ်ရာရတဲ့ ခရီးသည်က ၂ဝ လောက်ရှိပါတယ်။ အခုသူတို့ကို ကျောက်ဖြူမြို့နယ် ဆေးရုံကို ယူဆောင်သွားပါပြီ။ အခုက မီးသတ်တွေရော၊ ရဲတွေရော အကုန်ရောက်နေပါပြီ။ ကားကို ဆွဲတင်ပြီးရင်တော့ နောက်ထပ်သေဆုံးမှု ရှိလား၊ မရှိဘူးလား၊ အသေအချာ သိရမှာပါ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရာ ဒုရဲမှူး မောင်မောင်က ၄ ဦးသေဆုံးကြောင်း အတည်ပြု ပြောကြားသည်။

“ကားကတော့ မျိုးဆက်သစ် ယာဉ်လိုင်းကဖြစ်ပါတယ်။ ကားနံပတ်ကတော့ 5K-4446 ဖြစ်ပါတယ်။ အခုကတော့ ၄ ဦးသေဆုံးတယ်ဆိုတာကို သိရပါတယ်။ နောက်ထပ် အသေးစိတ်တော့ သတင်းမပို့လာသေးတဲ့ အတွက် ဒီလောက်ဘဲ အကြမ်းဖျဉ်း  ပြောနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

Photo by Phoe Maung post

----------------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၂ဝ/၂ဝ၂ဝ







Photo by Phoe Maung post

ဆက်စပ် သတင်းများ