ကြာသပတေး၊ အောက်တိုဘာလ ၃ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ တာခ်ခရိုင်၌ ကားချင်းတိုက်မိရာမှ မြန်မာ ၅ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ထိုင်းနိုင်ငံ တာခ်ခရိုင် ဖဟွန်ယိုထင်လမ်းမကြီးပေါ်၌ မြန်မာနိုင်ငံသား ၁၇ ဦးတို့ လိုက်ပါလာသည့် ပစ်ကပ်ကား တစ်စီးသည် ကုန်တင်ကားနှင့် အရှိန်ပြင်းစွာတိုက်မိခဲ့ရာမှ မြန်မာ ၅ ဦးသေဆုံးပြီး ကျန် ၁၂ ဦး လည်း ဒဏ်ရာအပြင်းအထန်ရခဲ့ကြကြောင်း ထိုင်းသတင်းဌာန CH7 News တွင် ဖော်ပြထားသည်။

 

ဇူလိုင် ၂၀ ယနေ့နံနက် ၄ နာရီခန့်က ချွန်ဘူရီမြို့ကိုသွားကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦး လိုက်ပါလာသည့် ပစ်ကပ်ကားနှင့် ကုန်တင်ကားတို့ တာခ်ခရိုင် ဖဟွန်ယိုထင်လမ်းမကြီးပေါ်တွင် တိုက်မိကြခြင်းဖြစ်သည်။

 

အခင်းဖြစ်နေရာသို့ တာခ်ခရိုင်ရဲစခန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့များက သွားရောက်စစ် ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

 

အခင်းဖြစ်သည့်နေရာတွင် ပစ်ကပ်ကားမှာ တစ်စီးလုံးရစရာမရှိ ကြေမွပျက်စီးနေပြီး ကားထဲ၌ မြန်မာ ၅ ဦး သေဆုံးနေပြီဖြစ်သလို ကျန် ၁၂ ဦးတို့လည်း ဒဏ်ရာအပြင်းအထန်ရသည့်အတွက် အော်ဟစ်အကူ အညီတောင်းခံနေကြရသည်ဟု သိရသည်။

 

ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကားထဲရှိ ဒဏ်ရာရသူများကို ခက်ခက်ခဲခဲနှင့် အမြန်ဆုံးကယ်ထုတ်ခဲ့ကြ ရပြီး တာခ်ခရိုင်ရှိ စုမ်ဒေ့ဖရာ့ကျောက်တာက်စင်မဟာရာချ်ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရ သည်။



 ‘’သူများနိုင်ငံထဲမှာ အခက်အခဲပေါင်းများစွာနဲ့ အလုပ်လာလုပ်ပါတယ်ဆိုမှ ခုလိုမျိုး အသက်တွေပေး လိုက်ရတယ် ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှေ့ဆက်ပြီး ဘာတွေဖြစ်ဦးမလဲမသိဘူး သူတို့ဘဝတွေ ဆက်ပြီးရပ်တည်နိုင်ပါဦးမလား ဒုက္ခိတတွေပဲဖြစ်မလား၊ မစဉ်းစားတတ်တော့ပါဘူးဗျာ’’ ဟု မြန်မာရွှေ့ ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

 

ကုန်တင်ယာဉ်မောင်း၏ထွက်ဆိုချက်အရ ဖစ်စနုလို့မြို့မှ မဲဆောက်မြို့သို့ ကုန်ပစ္စည်းများသွားပို့ရန် အသွား အခင်းဖြစ်သည့်နေရာအရောက်တွင် ရုတ်တရက်အိပ်ငိုက်မိသည့်အတွက် အရှိန်ဖြင့်မောင်းလာသည့် ပစ်ကပ်ကားမှ အချက်ပြမီးကိုမတွေ့မိလိုက်လို့ ခုလိုတိုက်မိသွားတာဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။

 

ပစ်ကပ်ကားပေါ်လိုက်ပါလာကြသည့် မြန်မာ ၁၇ ဦးစလုံးတို့သည် အထောက်အထားမဲ့ တရားမဝင် ရောက်လာသူများဖြစ်ပြီး ချွန်ဘူရီမြို့တွင် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

 

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အဖြစ်မှန်ကိုဖော်ထုတ်နိုင်ရန် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း တာခ်ခရိုင်က တာဝန်ရှိရဲတပ်ဖွဲ့က ပြောသည်ဟု အဆိုပါသတင်းဌာနက ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁ ရက်က အယုဒ္ဓယမြို့၌ ကားတစ်စီးတိမ်းမှောက်ကာ မီးလောင်ခဲ့သည့်အတွက် မြန်မာ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သလို၊ မေလ ၃၁ ရက်နေ့ကလည်း ကန်ချနာဘူရီတွင် ကားတိမ်း မှောက်ခဲ့ရာ မြန်မာ ၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ NN – 24

Photo ; CH7 News

ဆက်စပ် သတင်းများ