သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင်ခရီးသယ်တင်ယာဉ်နှစ်စီးတိုက်၍ တစ်ဦးသေ၊ အမျိုးသမီးတစ်ဦးအပါအဝင် လူ ၁၀ ဦးခန့်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 7.5k

ချစ်အိလှိုင်

နိရဉ္စရာ၊ မေ၆/ ၂ဝ၂၁

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီး ရန်ကုန်စစ်တွေကားလမ်းမကြီးပေါ်တွင် ယမန့်နေ့ ညနေ ၅ နာရီခန့်က ခရီးသယ်တွင် ယာဉ်နှစ်စီးတိုက်မိ၍ အမျိုးသားတစ်ဦးသေဆုံးကာ၊ အမျိုးသမီးတစ်ဦးအပါအဝင် လူ ၁၀ ဦးခန် ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

 

အဆိုပါကားနှစ်စီးမှာ စစ်တွေမြို့မှ မြောက်ဦးသို့ သွားသည့် ကားတစ်စီးနှင့် မြောက်ဦးဖက်မှ စစ်တွေဖက်သို့ လာသည့် ခရီးသည်တင် ကားနှစ်စီးဖြစ်ကြောင်း၊ မျက်နှာချင်းဆိုင်တိုက်မိကြရာမှ ကားပေါ်ပါလာသည့် ဒရိုင်ဘာတစ်ဦးသေဆုံးခဲ့ကာ လူ ၁ဝ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်ကြောင်း မျက်မြင် ဒေသခံကျေးရွာသားများက ပြာသည်။

 

၄င်းအခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သည့် အနီးအနားကျေးရွာတစ်ခုဖြစ်သည့် အောင်ဖြူပြင် ကျေးရွာမှ ဦးအောင်ထွန်းကျော်က ဒဏ်ရာရသူ ၉ ဦးအထဲမှာ မျိုးသမီးကတော့ အတော် ဒဏ်ရာပြင်းတယ်။ အကုန်လုံးနီးပါးဒဏ်ရာရကြတယ်။ လူတစ်ဆယ်ကျော်လောက်ရှိမယ်။ ဦးလေးရောက်သွားတော့ လူနာတင်ကားနဲ့တင်နေပြီ။ သေတဲ့လူကို ယိုးတရုပ်ဆေးရုံတင်သွားတယ်။ နောက်ထပ်ဒဏ်ရာရတဲ့လူတွေကို စစ်တွေတို့ ပုဏ္ဏားကျွန်းဆေးရုံတို့ကို ပို့လိုက်တယ်လို့သိရတယ်။ဟုပြောသည်။

 

အဆိုပါလူနာများအား စစ်တွေဆေးရုံသို့  (၇) ဦး၊ ပုဏ္ဏားကျွန်းဆေးရုံတွင်တစ်ဦးတို့ကို ပို့ဆောင်ပေးခဲ့ပြီး၊ ၄င်းတို့ မရောက်မှီကပင် စစ်တွေဆေးရုံသို့ ရွှေလမင်းလူစီးကားဖြင့် နှစ်ဦးတင်ဆောင်သွားကြောင်းသိရသဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရသည့်လူ စုစုပေါင်း ၁ဝ ဦးခန့်ရှိကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း မှယာဉ်မောင်း ဦးမောင်မောင်သန်းက ပြောသည်။

 

ကျွန်တော်တို့ မနေ့က ည ၉ နာရီလောက်မှာ စစ်တွေကို ခုနစ်ဦးပို့ပေးလိုက်ပါတယ်။ ဒဏ်ရာပြင်းတဲ့ လူနာတွေပါ။ ဒဏ်ရာရတဲ့လူနာတွေများပေမယ့် အရေးပေါ်ဆေးပို့ဆောင်ပေးတာ ဆယ်ယောက် လောက်ဖြစ်မယ်။ သေသွားတဲ့လူကတော့ ကားဒရိုင်ဘာတစ်ယောက်လို့ သိရတယ်။ နောက်ကားတစ်စီးက ကားဒရိုင်ကတော့စစ်တွေဆေးရုံကို တင်တဲ့အထဲပါတယ်ဟုပြောသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ၄င်းတို့မှာ နယ်မြေဒေသအခြေအနေကြောင့် အခင်းဖြစ်ပွားသည့် နေရာသို့သွားရောက်နိုင်ခြင်းမရှိသည့်အတွက် တစ်စုံတစ်ရာသိရှိဖြေကြားနိုင်ခြင်းမရှိကြောင်း ပြောဆိုသည်။

 

လက်ရှိတွင်လူနာများများမှာ စစ်တွေဆေးရုံတွင် (၉) ဦး ၊ ပုဏ္ဏားကျွန်းဆေးရုံတွင် (၁) ဦးတို့ ဆေးကုမှုခံယူနေကြရကြောင်းသိရသည်။

 

စစ်တွေဆေးရုံအုပ်ဒေါက်တာကြည်လွင်က ၄င်းမှာ အဆိုပါလူနာများ အခြေအနေအား မေးမြန်းနေဆဲဖြစ်သဖြင့် လတ်တလောတွင် ဖြေကြားနိုင်ခြင်းမရှိသေးကြောင့် ပြောဆိုသဖြင့် လူနာများ၏ နောက်ဆက်တွဲအခြေအနေကို တင်ပြနိုင်ခြင်းမရှိသေးပါ။

ဆက်စပ် သတင်းများ