သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပေါက်တောမြို့ပြည်သူ့ဆေးရုံက ပဲခူးတိုင်းပဒေါင်းထိ အောက်စီဂျင်သွားယူသည့်ကားမတော်တဆဖြစ်၍ ၄ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

သဉ္စာနွယ်

နိရဉ္စရာ၊ ဩဂုတ် ၄/၂၀၂၁

ပေါက်တောမြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်လူနာများအတွက် အောက်စီဂျင်လုံလောက်မှုမရှိ၍ ယနေ့ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပဒေါင်းသို့ အောက်စီဂျင်ဘူး သွားယူသည့်ကားမတော်တဆဖြစ်၍ ကားပေါ်ပါလာသူ ၄ ဦး ဒဏ်ရာ အနည်းငယ်စီ ရရှိသွားကြောင်း သတင်းရရှိသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးက ပေါက်တောမှာ အောက်စီဂျင် မလုံလောက်မှု ဖြစ်နေတယ်။ ဒါကို ပဒေါင်းကို သွားယူကြတာမှာ မင်းပြားမြို့နယ် ရာမောင်တံတားအလွန် ဖားပြိုရွာအနီးမှာ လမ်းပေါ်က ချိုင့်ခွက်တစ်ခုကို ရှောင်ရာက ကားက မတော်တဆ ဖြစ်ပြီး လမ်းဘေးထိုးကျတာပါ။ အဲဒီ ကားပေါ်မှာပါလာတဲ့ လူ ၄ ဦး ဒဏ်ရာအနည်းငယ်စီရရှိသွားကြပါတယ်ဟုပြောကြားသည်။

ဒဏ်ရာရရှိသွားသူများမှာ ပေါက်တောမြို့နယ် အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးမောင်လှရွှေ နှင့် ဦးညွန်တင်အောင် ကားပိုင်ရှင်နှင့် ကား driver တစ်ဦး စုစုပေါင်း လေးဦးဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၄ ဦးသည် ပေါက်တောြို့ပြည်သူ့ဆေးရုံတွင် လုံလောက်မှုမရှိသော အောက်စီဂျင်အတွက်  စေတနာရှင်များ၏ ဆက်သွယ်ပေးမှုကြောင့် ပဲခူးတိုင်း ပဒေါင်း သို့ ယူဆောင်သွားရောက်စဉ် ကားမတော်တဆ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

အောက်စီဂျင် အခက်အခဲဖြစ်နေတော့ လူတချို့ ဆက်သွယ်ပေးတဲ့ အတွက် အောက်စီဂျင်ဘူး ၃၆ လုံး ဖြည့်ဖို့အတွက် သွားကြတာပါ။ အခုက အောက်စီဂျင် အခက်အခဲကြုံနေကြရပါတယ်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပေါက်တောဆေးရုံတွင် လက်ရှိတွင် အောက်စီဂျင် မလုံလောက်၍ နေရာအနှံ့အပြားသို့ သွားပြီး အောက်စီဂျင် ဖြည့်နေရသည်ဟု ပေါက်တောမြို့နယ် ဆေးရုံတာဝန်ခံ ဒေါက်တာကိုကိုအောင်က ပြောသည်။

 "ကျနော်တို့ဆေးရုံမှာအောက်စီဂျင်က ပြတ်လိုက်ရလိုက်ဖြစ်နေတယ်။ နယ်ဝေးတွေက အောက်စီဂျင်အိုးတွေ သွားယူရတယ်။ မနက်ကလည်းမြောက်ဦးမှာ အောက်စီဂျင်အိုးရဖို့အတွက် တန်းစီပြီးစောင့်နေရတယ်။အမ်းနဲ့  ဒေါင်းဘက်ကိုလည်းသွားယူရတယ် နယ်ဝေးတွေကို သွားယူရတာဆိုတော့ အခက်ခဲရှိတယ်။မင်းပြား အဖွဲ့ဝင်ကော်မတီတွေကလည်းကူညီပေးပါတယ်" ဟုပြောသည်။

လက်ရှိတွင် ပေါက်တောဆေးရုံကြီးအတွက် စစ်တွေက အေးငြိမ်းဆေးခန်းကလည် ောက်စီဂျင် ၅အိုးလှူပေးထားသည်ဟု ပြောဆိုသည်။

ပေါက်တောပြည်သူ့ဆေးရုံတွင် ယမန်နေ့ ဩဂုတ် ၃ ရက်အထိ  ကိုဗစ်အတည်ပြုလူနာ ၄၆ ဦးထိ ရှိလာပြီး ထိုအထဲမှ ၇ ဦး သေဆုံးပြီး လက်ရှိဆေးရုံတွင် ကုသနေရသူ ၂၀ ဦးရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ