ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ထိုင်းမှ ရခိုင်နေရပ်ပြန်ခရီးသည်တင်ကားတိမ်းမှောက်၍ ၁ဝ ဦးဒဏ်ရာရ၊ သားမိနှစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.9k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၁
ထိုင်းနိုင်ငံမှ ရခိုင်ပြည်နယ်သို့ပြန်လာသည့် ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်မှုကြောင့် ခရီးသည် ၁ဝ ဦးဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် သားမိနှစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်သို့ပြန်လာသည့် ခရီးသည် ၂၂ ဦးလိုက်ပါလာသော ငြိမ်းချမ်းခရီးသည်တင်ကားသည် ယနေ့ အောက်တိုဘာလ ၁၃ ရက် နေ့လယ် ၁ နာရီခန့်က ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး(တောင်ပေါ်လမ်း) နတ်စင်ကွေ့တွင် ဘရိတ်ပေါက်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသော လူနာများကို ကော့ကရိတ်ဆေးရုံကို ပို့ဆောင်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရသူမရှိကြောင်း ကူညီဆောင်ရွက်ပေးသည့် မြဝတီ သင်္ကန်းညီနောင်-မြို့သစ်၊ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုစိုုးမိုးဌေးက နိရဥ္စရာကိုပြောသည်။
"ပြင်းထန်ဒဏ်ရာရတဲ့အထဲမှာ ကလေးအမေနဲ့ ကလေးနဲ့တော့ တွေ့လိုက်တယ်။ အသက်တော့ မစိုးရိမ်ရဘူူးပေါ့နော်။ ကျိုးတာတွေဘာတွေတော့ရှိတာပေါ့။ ပထမကတော့ သတိမရတော့ စိုးရိမ်းသွားတာပေါ့နော်။ မကြာခင်သတိပြန်ရလာခဲ့ပါတယ်"ဟု ပြောသည်။
လက်ရှိတွင် လူနာများ၏ နေရပ်လိပ်စာနှင့် အမည်များကို အတိအကျကိုမသိရှိသေးကြောင်း ကိုစိုးမိုးဌေးက ပြောသည်။
ဓာတ်ပုံ - မြဝတီ သင်္ကန်းညီနောင်-မြို့သစ်၊ လူမှုကူညီရေးအသင်း

ဆက်စပ် သတင်းများ