စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် တရုတ်မှ ပြန်လာသူ ၂၈ ဦးကိုစောင့်ကြည့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၂၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် တရုတ်မှပြန်လာသူ ၂၈ ဦးကို အပြင်သို့သွားလာခွင့်မပြုဘဲ  ကျန်းမာရေးအရ သူတို့၏ နေအိမ်များတွင် ၁၄ ရက် စောင့်ကြည့်ထားသည်ဟု သတင်းရရှိသည်။

အဆိုပါစောင့်ကြည့်ခံရသူများမှ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့မှဖြစ်ကြပြီး ၄င်းတို့အထဲတွင် အမျိုးသမီးများလည်း ပါဝင်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ တရုတ်နိုင်ငံမှာ ဆိုင်တွေ၊ စျေးတွေကိုပိတ်လိုက်တဲ့အတွက် ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော်ရှိတယ်။ အဲဒါကို သူတို့အစီအစဉ်နဲ့ မြန်မာနိုင်ငံကိုပြန်ပို့ပေးတယ်။ အဲဒီထဲမှာ ရခိုင်ပြည်က ၂၈ ယောက်ပါတယ်။ ဒါကို ကျနော်တို့က စာရင်းရတဲ့အတွက် သူတို့ကို သူတို့အိမ်မှာ နေခိုင်းပြီးတော့ စောင့်ကြည့်ထားတာ။ သူတို့က နေမကောင်းဖြစ်တာလည်းမဟုတ်ဘူး။ တရုတ်ပြည်က ပြန်လာတာဖြစ်လို့ ကျနော်တို့က အပြင်ကိုမသွားစေဘဲ သူတို့ရဲ့ နေအိမ်မှာဘဲ ၁၄ ရက်နေခိုင်းပြီးတော့ စောင့်ကြည့်ထားတာ˝ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

စောင့်ကြည့်ခံရသူ ၂၈ ယောက်မှာ တရားဝင် လမ်းကြောင်း ဝင်ပေါက်ကနေ  ပြန်လာခြင်း ဖြစ်သဖြင့် တရားဝင် သိရှိရ၍ စောင့်ကြည့်နိုင်ခြင်း ဖြစ်ကြောင်း၊ တရားမဝင် ဝင်လာသူမည်မျှ ရှိသည်ကို မသိရကြောင်းနှင့် ၎င်းတို့ကို စောင့်ကြည့်နိုင်ခြင်းလည်း မရှိကြောင်း ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါ လက္ခဏာကို အချိန်မီ သိရှိနိုင်ရန်အတွက် ပြည်သူ့များကို ကျန်းမာရေး အသိပညာပေးမှုများနှင့် လက္ခဏာများ တွေ့လို့ရှိလျှင်  ချက်ချင်း သတင်းပေးပို့ နိုင်ရန် အတွက် ဆောင်ရွက်နေကြောင်း ၄င်းကဆက်ပြောသည်။

မြန်မာနိုင်ငံကျန်းမာရေးဌာန၏ မတ်လ  ၁၉ ရက်နေ့၊ ညနေ ၄ နာရီအချိန်ထုတ်ပြန်ချက်အရ မြန်မာနို်င်ငံတွင် စောင့်ကြည့်လူနာ ၁၇၃ ဦးနှင့် သံသယလူနာ ၂ ဦးရှိကြောင်း သိရှိရသည်။


-----------------------------------------


နိရဉ်စရာ၊ မတျ ၂၁/ ၂ဝ၂ဝ








ဆက်စပ် သတင်းများ