ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တာချီလိတ်ဆေးရုံတွင် ထိုင်းမှပြန်လာသူ ရခိုင်ပြည်နယ်မှ ၅ ဦး စောင့်ကြည့်ခံနေရပြီး ကျောက်ဖြူဆေးရုံတွင် ကိုရိုနာစောင့်ကြည့်လူနာတစ်ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မတ် ၂၅ / ၂ဝ၂ဝ

ရှမ်းပြည်နယ်၊ တာချီလိတ်ပြည်သူ့ဆေးရုံတွင် ထိုင်းနိုင်ငံမှပြန်လာသူ ရခိုင်ပြည်နယ်မှ ၅ဦးနှင့် ကျောက်ဖြူဆေးရုံတွင် ၁ ဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ်ဖြင့် စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယမန်နေ့ ည ၈ နာရီထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။


တာချိတ်လိတ်ဆေးရုံတွင် စောင့်ကြည့်လူနာများမှာ မြေပုံမြို့နယ်မှ ကျား ၁ ဦး၊ မြောက်ဦးမြို့နယ်မှ ကျား ၃ ဦး၊ အမ်းမြို့နယ်မှ ကျား ၁ ဦးနှင့်၊ ကျောက်ဖြူပြည်သူဆေးရုံတွင် ကျောက်ဖြူမြို့နယ်မှ ကျား ၁ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ̏ တာချိတ်လိတ်က အကြောင်းကိုတော့ ကျနော်တို့ အသေချာမသိရသေးဘူး။ ကျနော်တိုေ့ ကျာက်ဖြူဆေးရုံမှာတော့ စောင့်ကြည့်လူနာ တစ်ယောက် ရှိတယ်။ လူနာကတော့ အခြေအနေကောင်းပါတယ် ˝ဟု နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၎င်းစောင့်ကြည့်ခံ လူနာများမှာ ထိုင်းနိုင်ငံက ပြန်ဝင်လာသူများဖြစ်ကြပြီး အများစုမှာ ဖျားနာ၊ ချောင်းဆိုးနှင့် လည်ချောင်းနာရောဂါကို ခံစားနေကြရသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၄ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃ ယောက် တွေ့ရှိထားသည်ဟုလည်း သိရှိရသည်။

------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၅ / ၂ဝ၂ဝ






ဆက်စပ် သတင်းများ