ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်တွင် ဆရာဝန်နှစ်ဦး ကိုရိုနာရောဂါဖြင့် သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 7k

နိရဥ္စရာ၊ ဇွန် ၁၂/၂ဝ၂ဝ

ဘင်္ဂလားဒေ့ရ်ှရှိ ဆေးဘက်ဆိုင်ရာအလုပ်အကိုင်နေသူ နောက်ထပ်ဆရာဝန်နှစ်ဦး ကိုရိုနာဗိုင်ရပ်စ် ရောဂါဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

၎င်းတို့မှာ နှလုံးအထူးကုဒေါက်တာ Mahmud Monowar နှင့် ကလေးအထူးကုခွဲစိတ်ဆရာပါမောက္ခ Gazi Zahirul Hasan တို့ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ 

သောကြာနေ့ အစောပိုင်းက BSMMU ၏ ကလေးအထူးကုခွဲစိတ်ကုသမှုဌာနမှပါမောက္ခ Zahirul သည် ဒက္ကာ ဆေးဘက်ဆိုင်ရာ ကောလိပ်ဆေးရုံ ICU တွင် ကွယ်လွန်သွားခဲ့သည်။ 

သူသည်ကျွမ်းကျင်သော ဆရာဝန်တစ်ဦးဖြစ်ပြီး ဆေးပညာကိုများစွာအထောက်အကူပြုခဲ့သူဖြစ်ကြောင်း၊ ဘင်္ဂလာဒေ့ရှ် ဆေးပညာလောကအတွက် အကြီးအကျယ်ဆုံးရှုံးမှုဖြစ်ကြောင်း ဖော်ပြသည်။

နောက်ထပ် သေဆုံးသူမှာ အမျိုးသားနှလုံးသွေးကြောဆိုင်ရာ ရောဂါအင်စတီကျု၏ နှလုံးရောဂါဆိုင်ရာ လက်ထောက်ပါမောက္ခ Mahmud Monowar ဖြစ်ပြီး သောကြာနေ့ နံနက် ၉:၃ဝ နာရီတွင် အထူးကြပ်မတ်ကုသမှုဖြင့်  ကုသနေစဉ် ကွယ်လွန်ခဲ့သည်ဟု လုပ်ဖော်ကိုင်ဖက်တစ်ဦးကပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ 

သူသည် ဆေးရုံမှာကုသနေသည့် လူနာတစ်ဦးထံမှ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူဖြစ်ပြီး သူနှင့်အတူ ဆေးရုံတွင် အလုပ်လုပ်နေသည့် ဇနီးဖြစ်သူတွင်လည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု ဆိုသည်။ 

ယနေ့ နံနက်ပိုင်းထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင်း သေဆုံးသူ ၁ဝ၄၉ ဦး၊ ရောဂါကူးစက်ခံရသူ ၇၈ဝ၅၂ ဦးနှင့် ပြန်ကောင်းလာသူ ၁၆၇၄၇ ဦးရှိကြောင်း The Daily Star တွင် ဖော်ပြသည်။ 

(Two doctors die from COVID-19 in Dhaka/ Bdnews24)


ဆက်စပ် သတင်းများ