သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ယနေ့နံနက် ၈ နာရီက ထုတ်ပြန်သော ပိုးတွေ့လူနာ ၂၃ ဦးတွင် မလေးနှင့်ထိုင်းမှ ပြန်လာသူ ရခိုင် ၇ ဦးပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 3.2k

နိရဥ္စရာ၊ ဇွန် ၁၉/၂ဝ၂ဝ

ယနေ့ (ဇွန် ၁၉ ) ရက် နံနက် ၈ နာရီက  ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၂၃ ဦးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ရာ ထိုအထဲတွင် ဘားအံတွင် ကော်ရန်တင်း ဝင်ခိုင်းထားသည့် မလေးနှင့်ထိုင်းနိုင်ငံမှ ပြန်လာသူ ရခိုင် ၇ ဦးပါဝင်ကြောင်း သိရသည်။

၎င်းတို့ ၇ ဦးအထဲတွင် ထိုင်းနိုင်ငံမှ ပြန်ဝင်လာသူ ၅ ဦး၊ မလေးရှားမှ ပြန်ဝင်လာသူ ၂ ဦးတို့ဖြစ်ကြပြီး ရန်ကုန်မြို့ ဝေဘာဂီအထူးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူမည် ဖြစ်သည်။ 

၄င်းတို့သည် ထိုင်းနယ်စပ် မြဝတီမြို့နယ်ထဲမှ ပြန်ဝင်လာသူများဖြစ်သဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လက်ခံ၍ ကော်ရန်တင်းဝင်ခိုင်းထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရခိုင်မှ ပြန်ဝင်လာသူ ၇ ဦးတွင် ကျောက်တော်မြို့နယ်မှ ၃ ဦး (ကျား ၂၊ မ ၁ )၊ ပေါက်တောမြို့နယ် မှ ၃ ဦး(မ ၃ ) နှင့် မြောက်ဦးမြို့နယ်မှ တစ်ဦး (ကျား) တို့ ဖြစ်ကြသည်။ 

၎င်းတို့ ၇ ဦးမှာ အသက် ၂၂ နှစ်မှ ၃၃ နှစ်အကြားရှိသူများဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ယနေ့ ဇွန် ၁၉ ရက် နံနက် ၈ နာရီအချိန်ထိ ပိုးတွေ့လူနာ ၂၈၆ ဦး၊ သေဆုံးသူ ၆ ဦးရှိသည်။  


ဆက်စပ် သတင်းများ