စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အိန္ဒိယတွင် တစ်နေ့တည်း ကိုဗစ်ကူးစက်ခံရသူ ၉၆,၄၂၄ ရှိပြီး တစ်နိုင်ငံလုံး ကူးစက်ခံရသူမှာ ၅ သန်းကျော်သွားပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.4k

နိရဥ္စရာ၊ စက်တင်ဘာ၁၈/၂ဝ၂ဝ

ပြီးခဲ့သည့် ၂၄ နာရီအတွင်းအိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၆,၄၂၄ ရှိပြီး တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူ ၅ ဒဿမ ၂သန်းအထိရှိသွားခဲ့ပြီဟု အိန္ဒိယဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ သောကြာနေ့တွင် ထုတ်ဖော် ပြောကြားသည်။

သြဂုတ်လအစောပိုင်းမှစ၍ ကမ္ဘာပေါ်တွင် တစ်နေ့တာအမြင့်ဆုံး ကူးစက်ခံရမှုဖြစ်သည်။

အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့ထုတ်ပြန်ချက်တွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကြောင့် အိန္ဒိယတွင် လူပေါင်း ၁,၁၇၄ ဦး သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် သေဆုံးသူပေါင်းမှာ  ၈၄,၃၇၂ ဦး ရှိသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄နာရီအတွင်း လူ ၂၂ ဦး သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူမှာ ၄၈၈၁ ဦးရှိသွားပြီဖြစ်သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၁၅၄၁ ဦးရှိပြီး ကူးစက်ခံရသူ စုစုပေါင်းမှာ ၃၄၅၈ဝ၅ ဦးရှိသွားပြီ ဖြစ်သည်။ ပိုးတွေ့၍ ပြန်လည် ကျန်းမာရေး ကောင်းမွန်လာသူမှာ ၂၅၂၃၃၅ ဦးရှိကြောင်းသိရသည်။

Sources:
(India's coronavirus cases rise to 5.2 mln, with 96,424 new infections/Reuters)
(Covid-19: 22 die, 1,541 infected, 1,923 recover in 24 hours/ The Daily Star)

ဆက်စပ် သတင်းများ