ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

သက်ကြီးကိုဗစ်လူနာတစ်ဦးထပ်မံသေဆုံး၍ စစ်တွေဆေးရုံကြီးတွင်သေဆုံးသူ ၁၈ဦးရှိပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဒီဇင်ဘာလ ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံတွင် ဆေးကုသခံနေသည့် သက်ကြီးအမျိုးသား ကိုဗစ်လူနာတစ်ဦး ယမန်နေ့ ည ၉ နာရီခန့်က သေဆုံးသွားခဲ့ဖြင့် စစ်တွေဆေးရုံကြီးတွင်သေဆုံးသူ ၁၈ဦးရှိပြီဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ပို့စ်တွင် ရေးသားဖော်ပြသည်။

သေဆုံးသွားသူမှာ အောက်စီဂျင်ပေးထားသည့် လူနာ ၁ဝ ဦးထဲက တစ်ဦးဖြစ်ပြီး၊ စစ်တွေမြို့၊ မြို့သူကြီး ရပ်ကွက်နေသူ အသက် (၇၉) အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း Rakhine Covid-19 Watch ၏ သတင်းထုတ်ပြန်ချက်ထဲတွင်လည်း ဖော်ပြထားသည်။

Rakhine Covid-19 Watch မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုဇော်လှိုင်ထွန်းက "သေဆုံးတာတော့ ဟုတ်တယ်။ မြို့သူကြီး ရပ်ကွက်က အသက်ကြီးပိုင်း တစ်ဦးပါ" ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။

စစ်တွေဆေးရုံကြီးတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့ နံနက်ပိုင်းအတွင်း ကိုဗစ်လူနာ သေဆုံးသူ စုစုပေါင်း ၆ အထိ ရှိသွားပြီဖြစ်ပြီး သေဆုံးသူပေါင်း စုစုပေါင်းမှာ ၁၈ ဦးရှိသွားပြီဖြစသည်။

စစ်တွေဆေးရုံကြီးတွင် သေဆုံးသူပေါင်း ၁၈ ယောက်တွင် ရောဂါအခံဖြင့်သေဆုံးသူပေါင်းမှာ ၁၅ ယောက် ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ပို့စ်တွင် ရေးသားဖော်ပြချက်အရ သိရသည်။

လက်ရှိ စစ်တွေဆေးရုံကြီးတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၆၄ ဦးရှိခဲ့ပြီး၊ ဆေးကုသခံနေသူ ၂၅ ဦး ကျန်ရှိနေကြောင်း၊ အောက်စီဂျင်သွင်းပြီး ကုသနေရသူ (Oxygen Therapy) ၉ ယောက် ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းအရ ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၅ ဦး ရှိသွားပြီဖြစ်ကြောင်းဖော်ပြထားသည်။


ဆက်စပ် သတင်းများ