- Web Master
- ၀၄ မေ ၂၀၂၃
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မေ ၁၂ / ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ ကိုဗစ်ပိုးရှိသူ ၄ ဦးတွေ့ရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်ပိုးတွေ့ရှိသူ ၄ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ရေး သွားလာနေသော သင်္ဘောများမှ ဖြစ်ပြီး လူပေါင်း ၄ဝ ခန့်ကို စစ်ဆေးရာ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာကို အတည်ပြု ပြောသည်။
“ကျနော်တို့ ကော်ရန်တင်း သွင်းထားတဲ့ နယ်စပ်ကုန်သွယ်ရေးသွားနေတဲ့ သင်္ဘော ၄ စီးက လူ ၄ဝ ကို စစ်တာ ၄ ယောက် positive တွေ့တယ်” ဟုပြောသည်။
ရခိုင်အမျိုးသားများဖြစ်ကြသည့် ၄င်းတို့ ၄ ဦးသည် လက်ရှိတွင် စစ်တွေဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိသည်ဟုလည်း သိရသည်။
ရခိုင်တွင် ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၃၇ ဦး သေဆုံးသွားပြီး ၄၂၆၄ ဦး ရောဂါကူးစက်ခံခဲ့ရသည်။