ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်ကြောင့် သေဆုံးသူများရှိလာပြီး ကူးစက်ခံရသူလည်းနေ့စဉ်ထောင်ကျော်ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 10.1k

နိရဉ္စရာ၊ ဇူလိုင် ၃/ ၂၀၂၂

 

မြန်မာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများထပ်မံရှိလာသလို ကူးစက်ခံရသူလည်း နေ့စဉ်တစ်ထောင်ကျော်အထိ ရှိလာနေသည်ဟု ဘင်္ဂလားဒေ့ရှ်ထုတ် သတင်းများတွင် ဖော်ပြသည်။

 

လွန်ခဲ့သည့် စနေနေ့ နံနက် အထိ ၂၄ နာရီ အတွင်းဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကိုဗစ် ၁၉ ကြောင့် သေဆုံးသူ ဦး ကူးစက်မှု အသစ် ၁,၁၀၅ ဦးရှိခဲ့သည်ဟု  The Daily Star က သတင်းဖော်ပြသည်။

 

သေဆုံးသူများတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ၆ ဦးဖြစ်ပြီး ၎င်းတို့ထဲမှ သုံးဦးမှာ ဒက္ကားမြို့မှဖြစ်ကာ  နှစ်ဦးမှာ စစ်တကောင်းနှင့်  တစ်ဦးမှာ  Mymensingh ခရိုင်မှ ဖြစ်ကြသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူမရှိဘဲ ရက်အတန်ကြာ ရှိခဲ့ရာမှ လတ်တလော ရက်များအတွင်း သေဆုံးမှုများ ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။  

 

လွန်ခဲ့သော သောကြာနေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၅ ဦး၊ ကူးစက်ခံရသူ ၁၈၉၇ ဦးရှိခဲ့သည်ဟု သိရသည်။

 

ယခုလို လတ်တလော ရောဂါဖြစ်ပွားမှုများ ပေါ်ပေါက်လာသဖြင် တစ်နိုင်ငံလုံးအနေဖြင့် ုစုပေါင်းရောဂါဖြစ်ပွားမှု ၁၉၇၆၇၈၇ ဦးရှိသွားပြီဖြစ်ကာ  စုစုပေါင်းသေဆုံးသူ အရေအတွက်မှာ ၂၉၁၆၀ ဦးသို့ရောက်ရှိခဲ့ကြောင်းကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားမှုဦးစီးဌာန (DGHS) မှပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ