ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရန်ကုန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၂ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 500

နိရဉ္စရာ၊ မေ / ၂၀၂၃

 

မြန်မာနိုင်ငံတွင် Covid 19 ကြောင့် လူပေါင်း ၂သောင်းနီးပါးသေဆုံးခဲ့ရသည်ဖြစ်ရာ ပြီးခဲ့သည့် ဧပြီ ၂၈ နှင့် ၂၉ ရက်နေ့များက ရန်ကုန်တိုင်းအတွင်း Covid 19 ရောဂါကြောင့် နောက်ထပ် သေဆုံးသူ ၂ဦး ရှိပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

ဧပြီလဆန်းပိုင်းမှစတင်ကာ Covid 19 ရောဂါတကြော့ပြန်ဖြစ်ပွားနေပြီး ကူးစက်မှုပြန်လည်မြင့်တက် လာပြီးနောက် ယခုသေဆုံးမှုသည် ပထမဆုံးဖြစ်ကြောင်း၊ ၎င်းတို့မှာ ရန်ကုန်တိုင်း လသာနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။

 

ကာကွယ်ဆေးများထိုးထားပြီးပါက Covid 19 ရောဂါကူးစက်ခံရမှုကို အထိုက်အလျောက် ကာကွယ်ထား နိုင်မှာဖြစ်ကြောင်း အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးက ပြောသည်။

 

ဧပြီ ၂၈ ရက်က ဓာတ်ခွဲနမူနာ ,၆၆၂ ခု တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၇ ဦး တွေ့ခဲ့ပြီး ပိုးတွေ့လူ နာတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဧပြီ ၂၉ ရက်တွင်လည်း ဓာတ်ခွဲနမူနာ ၁၁,၄၁၇ ခု တွင် ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၃၀ ဦး တွေ့ရှိရပြီး ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

 

Covid 19 ရောဂါနှင့် အတူယှဉ်တွဲပြီး (Living with COVID) ဖြင့် နေထိုင်ရာတွင် နေထိုင်မှုပုံစံသစ်နည်း လမ်းများကိုလည်း လိုက်နာကြဖို့ သတိပေးထုတ်ပြန်ထားသည်။

 

နေထိုင်မှုပုံစံအသစ်များမှာ -

၁။ အသက် နှစ်အထက်အားလုံး ကာကွယ်ဆေးများကို နီးစပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ညွှန်ကြားထားသည့်အတိုင်း မပျက်မကွက် ထိုးနှံကြရန်၊

၂။ အလုံပိတ်အခန်းများ၊ လူထူထပ်သည့်နေရာများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၌ ရှိနေ စဉ် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ထားကြရန်၊

၃။ လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လဂိုဟော (အနည်းဆုံး ၆၀ ရခိုင်နှုန်း) ပါဝင်သော လက်သန့် ဆေးရေဖြင့် စက္ကန့် ၂၀ကြာ မကြခဏဆေးကြောရန်၊

၄။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊

၅။ တတ်နိုင်သလောက် လူစုလူဝေးရှောင်ကြဉ်ရန် အစရှိသဖြင့် ထုတ်ပြန်ထားသည်။

ကမ္ဘာအနှံ့ကူးစက်မြန်သည့် နောက်ဆုံးပေါ် XBB.1.16. ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ယခုအခါ နိုင်ငံပေါင်း ၂၂ နိုင်ငံအထိကူးစက်နေကြောင်းလည်း သိရသည်။

NN – 24

Photo  :  Internet

--------------

ဆက်စပ် သတင်းများ