ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

တာချီလိတ်ဆေးရုံတွင် စောင့်ကြည့်ခံနေရသူ ရခိုင်ပြည်နယ်မှ ၅ဦးတွင် ကိုရိုနာရောဂါပိုးမတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ မတ် ၂၅ / ၂ဝ၂ဝ

ရှမ်းပြည်နယ်၊ တာချီလိတ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ခံနေရသူ ရခိုင်ပြည်နယ်မှ လူ ၅ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ မတွေ့ရှိရကြောင်း သတင်းရရှိသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ မတ်လ ၂၅ ရက် ညဉ့် ၉ နာရီ ၄၅ မိနစ်တွင် လူပေါင်း ၄ဝ ၏ Covid -19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှု အခြေအနေကို ထုတ်ပြန်ရာ ၎င်းတို့ ၅ ဦး အပါအဝင် လူပေါင်း ၄ဝ စလုံးတွင် ရောဂါ မတွေ့ရှိရဟု ဖော်ပြသည်။

တာချီလိတ်တွင် စောင့်ကြည့်လူနာအဖြစ်ဖြင့် ဆေးရုံသို့ ရောက်ရှိခဲ့ကြသူ ရခိုင် ၅ ဦးမှာ ထိုင်းနိုင်ငံမှ ပြန်ဝင် လာကြသူများ ဖြစ်ကြပြီး ၎င်းတို့မှာ အသက် ၂၆ နှစ် အရွယ် မြေပုံမြို့နယ်မှ (ကျား) တစ်ဦး၊ မြောက်ဦးမြို့နယ်မှ ကျား ၃ ဦး (အသက် ၃၃ နှစ်အရွယ် တစ်ဦး၊ အသက်၁၈ နှစ်အရွယ် တစ်ဦးနှင့် အသက် ၂ဝ အရွယ် တစ်ဦး) တို့ ဖြစ်ကြပြီး ကျန် တစ်ဦးမှာ အသက် ၃၈ နှစ် အရွယ် အမ်းမြို့နယ်မှ ဖြစ်ကြသည်။

၎င်းစောင့်ကြည့်ခံ လူနာများမှာ ထိုင်းနိုင်ငံက ပြန်ဝင်လာသူများဖြစ်ကြပြီး အများစုမှာ ဖျားနာ၊ ချောင်းဆိုးနှင့် လည်ချောင်းနာ ရောဂါကို ခံစားနေကြရသဖြင့် မတ် ၂၃ ရက်နေ့က ဆေးရုံတွင် စောင့်ကြည့် လူနာ အဖြစ် တင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

----------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၅ / ၂ဝ၂ဝ





ဆက်စပ် သတင်းများ