ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများအပါအဝင် ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှုလုပ်ငန်းများအား မေလ ၁၅ ရက်နေ့ထိ ရပ်ဆိုင်းထားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

နိရဥ္စရာ၊ မေ ၂/၂ဝ၂ဝ

ကိုဗစ် ကပ်ရောဂါ (Covid-19) ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေကြတဲ့ ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှု လုပ်ငန်းတွေကို မေလ ၁၅ ရက်နေ့ထိ ရပ်နားထားမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကိုယ်ပိုင်ကျောင်းများအသင်းက ထုတ်ပြန်ကြေငြာထားပါတယ်။

အခုလို ရပ်နားထားမယ့်အထဲမှာ ရခိုင်ပြည်နယ်အတွင်းရှိ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများ၊ ကျူရှင်စာသင်ဝိုင်းများနဲ့ ဘော်ဒါဆောင်များရဲ့ ပညာသင်ကြားဆိုင်ရာ လုပ်ငန်းများ ပါဝင်တယ်လို့ သိရပါတယ်။

ဧပြီလ ၂၉ ရက်နေ့က ကူးစက်မှု မြန်ဆန်နေတဲ့ ကိုဗစ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး စစ်တွေမြို့ရှိ ကိုယ်ပိုင်ကျောင်းများနဲ့ ဘော်ဒါဆောင် လုပ်ကိုင်သူများ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့ကြပြီး ယင်းအစည်းအဝေးကနေ ခုလို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ အမိန့်ညွှန်ကြာချက်အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံရဲ့ Covid 19 ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း ညွှန်ကြားချက်တွေကို ဧပြီ ၃ဝ ကနေ မေလ ၁၅ ရက်နေ့ထိ တိုးမြှင့်ထားတယ်လို့ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ သူတွေအားလုံး တူညီစွာရပ်နားထားကြဖို့ကိုလည်း ရခိုင်ပြည်နယ် ကိုယ်ပိုင်ကျောင်းများအသင်းက မေတ္တာ ရပ်ခံထားပါတယ်။

လာမယ့် မေလ ၁၄ ရက်နေ့မှာတော့ ထပ်မံ အစည်းအဝေးပြုလုပ် ဆုံးဖြတ်ပြီး ပညာသင်ကြားရေး လုပ်ငန်းများနဲ့ ပတ်သက်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အသိပေးအကြောင်းကြားပေးသွားမယ်လို့လည်း ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

-----------------

Unicode:



နိရဉ်စရာ၊ မေ ၂/၂ဝ၂ဝ














ဆက်စပ် သတင်းများ