သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တရုတ်နယ်စပ်မှ ပြည်တော်ပြန် ၅၁ ဦး ရခိုင်ပြည်နယ်သို့ထွက်ခွာလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 400

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၉ / ၂ဝ၂ဝ

တရုတ်နယ်စပ်မှ ပြည်တော်ပြန် ၅၁ ဦးသည် မိမိနေရပ် ရခိုင်ပြည်နယ်သို့ ပြန်လာနေကြပြီဟု သတင်းရရှိသည်။

၎င်းတို့သည် နန်းတော်ဝင်ကားဖြင့် မန္တလေးမြို့မှ မကွေး၊ မင်းဘူး၊ အမ်းအတိုင်း ရခိုင်ပြည်နယ်သို့ ထွက်ခွာလာနေပြီ ဖြစ်ကြောင်း၊ ပြန်လာသူများတွင် ကျား ၄၂ ဦး၊ မ ၉ ဦး၊ စုစုပေါင်း ၅၁ ဦးဖြစ်ကြောင်းရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးအရာရှိ ဦးရဲမင်းဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

"သူတို့ကို အခုဘဲပို့လိုက်တာ။ နိုင်ငံခြားကဝင်လာတာတော့ ကြာပြီ။ ပြီးခဲ့တဲ့ လကနေ ရောက်နေတာ ဖြစ်မယ်။ ကြာပြီပေါ့၊ ရက်ပေါင်းများစွာ ကြာလှပြီ။ နယ်စပ်ဂိတ်တွေမှာ ကြာနေတာဖြစ်မယ်။ သူတို့ကို quarantine လုပ်တဲ့နေရာတွေ၊ အဲဒီကေန တစ်ဆင့်၊ တစ်ဆင့်လာတာပေါ့။ နောက်ဆုံးသူတို့ လာတဲ့ နေရာက မန္တလေး၊ အောင်မြေသာစည်မြို့နယ်၊ အထက ၁၇ ကျောင်းမှ ပြန်ပြီးတော့ ဝင်လာတာပေါ့" ဟု ဦးရဲမင်းဦးက ဆက်လက်ပြောသည်။

ရခိုင်ပြည်သို့ ပြန်ရောက်ချိန်တွင်လည်း သက်ဆိုင်ရာ ခရိုင်/ မြို့နယ်အလိုက် ကျန်းမာရေးဌာနတွေနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းသိရှိရသည်။

မနက်ဖြန်တွင်လည်း ရခိုင်သို့ ပြည်တော်ပြန်မည့်သူ ၃၅၃ ဦး နယ်စပ်မှ မင်းဘူးမြို့သို့ ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

(Photos from Ya Min Oo Post)

---------------------

Unicode:



နိရဉ်စရာ၊ မေ ၉ / ၂ဝ၂ဝ







(Photos from Ya Min Oo Post)

ဆက်စပ် သတင်းများ