သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဂျာမနီဆရာဝန်များပါဝင်သောအဖွဲ့မှ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲနှင့် မီးလောင်ဒဏ်ရာရှိသူများကို သံတွဲတွင်အခမဲ့ကုသမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.9k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဂျာမနီနိုင်ငံမှ ခွဲစိတ်ဆရာဝန်များနှင့် မြန်မာနိုင်ငံမှဆရာဝန်များ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် မီးလောင်ဒဏ်ရာရှိသူများကို ဒီဇင်ဘာ ၅ ရက်နေ့မှ စပြီး အခမဲ့ ခွဲစိတ်ကုသပေးမည်ဟု သတင်းရရှိသည်။

၎င်းကုသပေးမှုကို ဂျာမနီအခြေစိုက် မြန်မာစားဖိုမှူးများအသင်းမှ ကမကထ ပြုလုပ် စီစဉ်ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၄ ရက်နေ့အထိ အခမဲ့ကုသပေးသွားမည် ဖြစ်ကြောင်း သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ဂျာမနီအခြေစိုက် မြန်မာစားဖိုမှူးများအသင်းကနေပြီးတော့ အခမဲ့ကုသပေးမှာ ဖြစ်ပါတယ်။ ဂျာမနီက ဆရာဝန်ကြီးတွေ ၈ ယောက်လောက်ပါပါမယ်။ နောက်ပြီးတော့ ကျနော်တို့ သံတွဲခရိုင် ဆေးရုံက ဆရာဝန်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာပါ” ဟု သံတွဲခရိုင်ဆေးရုံအုပ်က ပြောသည်။

ရခိုင်ပြည်နယ် သံတဲ့ခရိုင်တွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်း ခွဲစိတ်ကုသပေးမည်ဖြစ်သော်လည်း လက်ရှိတွင် မကွေးနှင့် မုံရွာဘက်တွင် ခွဲစိတ်ကူးသနေသည့်အတွက် ဒီဇင်ဘာလ  ၅ ရက်နေ့တွင် လူနာများအား စမ်းသပ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့တွင် စတင်ခွဲစိတ်ကုသပေးနိုင်မည် ဖြစ်ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာကျော်နိုင်ဝင်းက ဆက်လက် ပြောဆိုသည်။

“ရည်ရွယ်ထားတာက ၄ ရက်နေ့ကနေ ၁၄ ရက်နေ့အထိရည်ရွယ်ထားပေမဲ့ မကွေးနဲ့ မုံရွာဖက်မှာ ကုသပေးနေလို့ သူတို့ တစ်ရက်နောက်ကျသွားပါတယ်။ မနက်ဖြန်နေ့လည်ပိုင်းလောက်မှ လေယာဉ်ကရောက်မှာဆိုတော့ လူနာတွေကို မနက်ဖြန်ကြည့့်ရှူးပြီး သဘက်ခါမှ လောက်မှစခွဲနိုင်မယ့် အနေအထားပါခင်ဗျာ။ ဒါကနောက်ဆုံး သိရတဲ့ အခြေအနေပါ ” ဟု ပြောသည်။

ထိုသို့ အခမဲ့ခွဲစိတ်ကုသပေးမှုကို ရခိုင်ပြည်နယ်အတွင်း နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်က သံတွဲ ခရိုင်တွင်တစ်ကြိမ်၊ ၂ဝ၁၈ ခုနှစ်က စစ်တွေဆေးရုံကြီးတွင်တစ်ကြိမ် ကုသပေးခဲ့ကြောင်း၊ ထိုသို့ကုသပေးရာတွင် လူဦးရေ ကန့်သတ်မှုမရှိကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တောကျော်နိုင်ဝင်း ထံမှ သိရသည်။

ခွဲစိတ်ကုသပေးရာတွင် ခရိုင်ကျော်ပြီး လာရောက်ကြသည့် လူနာများကိုလည်း ကုသပေးကြောင်း သံတွဲမြို့မှ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးထွန်းသန့်ကျော်က ပြောသည်။

 “အဲလိုကုသပေးတာ နှစ်တိုင်းနီးပါးရှိပါတယ်။ အရင်နှစ်တွေက လာကုတဲ့လူနာတွေက တော်တော်များတယ်။ သံတွဲတစ်ခရိုင်လုံးနီးပါး ပေါ့နော်။ ဟိုကျောက်ဖြူခရိုင်ကပါလာကြတယ်။ တချို့ဟာတွေက ဒီမှာ ခွဲစိတ်ဖို့ ခက်ခဲတဲ့ ဟာမျိုးဆိုရင် သူတို့ ရန်ကုန်ကို ပြောင်းရွှေ့ပြီး ကုသနိုင်အောင် စီစဉ်ပေးပါတယ်” ဟု ၎င်းကဆိုသည်။

-------------------------

Unicode:












ဆက်စပ် သတင်းများ