- Web Master
- ၂၀ မေ ၂၀၂၄
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/၂၀၂၃
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း ရွာပေါင်း (၁၀) ကျော်တွင် ရောဂါဖြစ်ပွားနေ၍ နွားများ သေဆုံးမှုရှိနေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးရောဂါကုသမှုပြုလုပ် ပေးရန် ဒေသခံများ လိုလားနေကြသည်။မြေပုံမြို့နယ်၊ ဂြန့်ဟင်းခါး၊ ပင်ကပ်တောင်မော်၊ ကံ့ကော်ချောင်း၊ ကပိုင်ချောင်း၊ ရှောက်ခြုံ၊ ချောင်းကြီး၊ ကြာအင်းတောင်၊ ရက်ချောင်းစသည့် ကျေးရွာ(၁၀) ကျော်ခန့်တွင် ယခု ဖေဖော်ဝါရီလ အစပိုင်းမှစတင်ကာ နွားသေဆုံးမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ရောဂါလက္ခဏာအနေနှင့် နွားများမှာ ပါးစပ်မှအမြုပ်ထွက်ခြင်း၊ အဖုပေါက်ခြင်း၊ စအိုမှ သေးထွက်ခြင်း နှင့် အစာစား၍ မရသည့် အခြေအနေများရှိနေပြီး လက်ရှိအချိန်ထိ နွားသေဆုံးမှုများ ဆက်လက် ရှိနေဆဲဖြစ်၍ ဒီထက်ပိုဆိုးမခင်ကာကွယ်နိုင်ရန် တာဝန်ရှိသူများအနေနှင့် ကူညီဖြေရှင်းပေးစေလိုကြောင်း ဂြန့်ဟင်းခါးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
"နွားတစ်ကောင်ရဲ့တန်ဖိုးက မနည်းပါဘူး။
အခုလိုကာလမှာတော့ ပိုသိသာတာပေါ့။ သိသလောက်၊ နိုင်သလောက်ဆေးကုတာတွေ
ရှိပေမယ့် အခြေနေကဆိုးလာတယ်။ မသက်သာလာဘူး။ အခုထက်ပိုဆိုးလာရင်
လူတွေလည်း နစ်နာမှုများနေပြီ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့
ဖြေရှင်းဆောင်ရွက်ပေးစေချင်ပါ
နွားများသေဆုံးမှုနှင့် ပတ်သက်၍ ရောဂါအတိအကျကို မပြောနိုင်သေးဘဲ လက်ရှိမှာ သေဆုံးသည့် နွားအရေအတွက် (၃၀) ခန့် ရှိနိုင်ကြောင်း သူက ပြောသည်။
တချို့နွားများကို
ကာကွယ်ဆေးများထိုးနှံပေးထားသော်
ယခုကိစ္စများနှင့်
ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မြေပုံမြို့နယ်တိရိစ္ဆာန်မွေးမြူ
(ဓာတ်ပုံ-ဝင်းမောင်ဦး Facebook)