- Web Master
- ၂၀ မေ ၂၀၂၄
(ပြသလိုသူများ လူဦးရေအကန့်အသတ်မရှိ
စာရင်းပေးသွင်းနိုင်ပြီ)
ရခိုင်ပြည်နယ်၊
စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် လာမည့် ဇွန်လ ၂၅ ရက်၌ ရန်ကုန်မှ ဝါရင့် အထူးကု၊ ပါမောက္ခနှင့်၊
သမားတော်ကြီးများက အခမဲ့ လာရောက်ကုသပေးမည်ဟု သိရသည်။
ယင်းနေ့နံနက်
၈ နာရီမှစတင်ကာ အခမဲ့ကုသပေးသွားမည်ဖြစ်ပြီး
ပြသလိုသူများအနေဖြင့် ယနေ့ ဇွန်လ ၂၃ ရက်၊ နံနက် ၉ နာရီမှစတင်ကာ စစ်တွေပြည်သူ့ဆေးရုံကြီး
လေးထပ်ဆောင် အသစ်အောက်ထပ်ရှိ ပြင်ပလူနာဌာနတွင်
စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။
ယခု
လာရောက်ကုသပေးမည့်သူများတွင် အထွေထွေရောဂါအထူးကု၊ နှလုံးရောဂါ အထူးကု၊ ဆီးနှင့် ကျောက်ကပ်
အထူးကု၊ ဦးနှောက်၊ အာရုံကြောနှင့်
အတက်ရောဂါ
အထူးကု၊ အရိုး၊ အဆစ် သွေးလေးဖက်နာ၊ သွေးနှလုံးရောဂါ အထူးကု၊ အစာအိမ်နှင့် အူလမ်းကြောင်းအထူးကု၊
အသည်းရောဂါအထူးကု၊ ဆီးချိုနှင့်
ဟော်မုန်းရောဂါ
အထူးကု၊ သွေးရောဂါအထူးကု၊ အရေပြားရောဂါ အထူးကုနှင့် ကလေး သွေးရောဂါအထူးကု စသည့် ရန်ကုန်
အဆိုပါဆရာဝန်ကြီးများနှင့် ရန်ကုန်တွင်သွားရောက်ပြသထားစဥ်
ဆရာဝန်ကြီးများက ထပ်မံပြသရန်ချိန်းဆိုထားသည့်
ရခိုင်မှလူနာများအနေဖြင့် ရန်ကုန်သို့အသွားအပြန်စရိတ်နှင့်
"အကျိုးသက်ရောက်မှာက ဘာတွေရှိလဲဆိုရင် ဥပမာ
ဒေါက်တာချစ်စိုးပေါ့။ ဒေါက်တာချစ်စိုး ဆိုရင် အရေပြား၊ လေးဘက်နာ၊ အရိုးအကြောဆိုတော့
သူက ပြန်ချိန်ထားတဲ့ လူနာတွေဆိုရင်
ကျနော်တို့ဘက်က
လူနာနဲ့ လူနာစောင့်ဆိုရင် အသွားအပြန် ၈ သိန်းလောက် ကုန်မယ်လေ။ အဲဒါတွေလည်း သက်သာသွားမယ်။
နောက် ဒေါက်တာမြင့်မြင့်သိန်းနဲ့လူနာ
ယင်းနေ့တစ်ရက်တည်းသာ
ကုသပေးမည်ဖြစ်ပြီး လူဦးရေ အရေအတွက်အား ကန့်သတ် ထားခြင်းမရှိဟုလည်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေဆေးရုံအုပ်ကြီး
ဒေါက်တာကြည်လွင်ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။ (NN-16)