သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့မစျေးရှိ ဆေးဆိုင်များကိုဝင်ရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k

အင်္ဂါအောင် (ခမီ)
ပုဏ္ဏားကျွန်း၊ သြဂုတ် ၁၄ / ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မစျေးတွင် ဆေးဆိုင်(၁၀) ဆိုင်ကို ယနေ့ နံနက်က မြို့နယ်ကျန်းမာရေး ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာအချို့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုကို ယနေ့ သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ဆေး ခဲ့ခြင်းဖြစ်ပြီး စစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ ၊ စားသုံးသူရေးရာအဖွဲ့၊ မြို့နယ် ကျန်းမားရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်ဦးစီးဌာနတို့ပါဝင်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တရားမဝင်ဆေးများနှင့် ဆေးများကို စျေးတင် ရောင်း/မရောင်း စစ်ဆေးခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်ဆရာဝန်ကြီး ဦးအောင်စစ်ထွန်းက ပြောသည်။
"ဆေးဝါးစျေးနှုန်းတွေကို မေးတာပါ။ ဆေးဆိုင်ပိုင်ရှင်တွေ ပြောပြချက်အရ ကတော့ ဆေးတွေက ကိုဗစ်ကာလမှာ စျေးကတော့ တက်ပါတယ်။ အကြောင်းရင်းကလည်း ပင်ရင်း စစ်တွေကုမ္ပဏီတွေက တက်လို့ ဒီလိုပဲရောင်းရတယ်လို့ ပြောပါတယ်"ဟု ဆရာဝန်ကြီးက ပြောဆိုသည်။
ပုဏ္ဏားကျွန်းမြို့မစျေးတွင် ဆေးဆိုင် (၁ဝ)ဆိုင်ရှိပြီး တရားမဝင် ဆေးဝါးများ ရောင်းချနေမှုကို မတွေ့ရှိခဲ့ရဟုလည်း သိရသည်။
ကိုဗစ်ကာလဖြစ်သည့်ယခုအချိန်တွင် ကျန်းမာရေးနှင့်ပတ်သက်သည့် ဆေးဝါးများရောင်းချရာတွင် အတတ်နိုင်ဆုံး စျေးတင်မရောင်းရေး၊ ပုံမှန်စျေးနှုန်းအတိုင်းရောင်းရန်နှင့် ဆေးများကို သိုလှောင်မထားကြရန် ဆေးဆိုင်ပိုင်ရှင်များအား မြို့နယ်ဆရာဝန်ကြီးက မှာကြားခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ