ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

AA ကို ဆေးစိမ်ခြင်ထောင်ပေးသည့်စွဲချက်ဖြင့်ဖမ်းဆီးခံထားရသည့် ကျန်းမာရေးဝန်ထမ်း ၂၁ ရက်ကြာမှ လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7k

နိရဥ္စရာ၊ ဇူလိုင် ၁၁/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးအား AA ကို ဆေးစိမ်ခြင်ထောင်ပေးသည့်သံသယဖြင့် စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် ဇူလိုင် ၉ ရက်က ပြန်လည်လွတ်မြောက်လာပြီဟု သူ၏မိသားစုဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။
"ကောင်းကောင်းမွန်မွန်ပါပဲ။ နှိပ်စက်ခံရတာမျိုး မရှိဘူးတဲ့။ ကျန်းကျန်းမာမာပဲ ပြန်လွတ်လာပါတယ်"ဟု ပြောသည်။
ဖမ်းဆီးခံနေရသူမှာ မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင်(၃) ဦးစောမင်းနိုင်(၃၈ နှစ်)ဖြစ်သည်။
သူသည် ဇွန်လ ၁၉ ရက်တွင် စစ်တွေရှိ ပြည်နယ်ကျန်းမာရေးဌာနသို့ရောက်ရှိနေစဉ် နယ်လုံက စစ်ဆေးစရာရှိသည်ဟုဆိုကာ စရဖများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
သူ့ကို မောင်တောမြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA ကိုဆေးစိမ်ခြင်ထောင်များပေးသည်ဟုဆိုကာ စုံစမ်းစစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၂၁ ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင် ဦးစောမင်းနိုင်ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ (NN-7)

ဆက်စပ် သတင်းများ