သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးအမှု လိုပြသက်သေမရောက်၍ မေလကုန်သို့ ရုံးထပ်ချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 468

ထက်အောင်

နိရဉ္စရာ၊ မေ ၁၇/ ၂၀၂၁

ရခိုင်ပြည်ကျောင်းသား သမဂ္ဂက ကျောင်းသား ဦး၏ ယနေ့ မေလ ၁၇ ရက်နေ့ ရုံးချိန်းတွင် တရားလိုဖက်က သက်သေများ ရောက်လာခြင်းကြောင့် လာမည့် မေလ (၃၁) ရက်နေ့သို့ ထပ်မံ ရုံးချိန်း ချိန်းဆိုလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်ကျောင်းသား သမဂ္ဂ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုကျော်ငြိမ်းထွန်းကတရားလိုဖက်က လိုပြသက်သေတွေ တစ်ယောက်မှ မစစ်ဆေးရသေးဘူးလို့ ကြားတယ်။ တရားလိုပြသက်သေ (၄) ယောက် ရှိတယ်လို့ ပြောတယ်။ သူတို့က အခုလက်ရှိ စစ်တွေမြို့ပေါ်မှာ မရှိဘူး။ တကွဲတပြားစီဖြစ်နေတယ်။ အဲဒီ အခြေအနေတွေကြောင့် မရာက်နိုင်ဘူး လို့ကြားတယ်ဟု ပြောသည်။

ရခိုင်ပြည်ကျောင်းသား သမဂ္ဂက ကိုကျော်နိုင်ဌေး အပါအဝင် (၄) ဦးကို ယနေ့တွင် လူကိုယ်တိုင်းရုံးထုတ်ခဲ့ပြီး မိသားစုဝင်များနှင့် လည်းတွေ့ဆုံခွင့်ရကြောင်း တရားလိုပြသက်သေ မရောကပ်၍ မှုကို မစစ်ဆေးရသဖြင့် အချိန် ကြာလာသည်နှင့်အမျှ အမှုကို ရင်ဆိုင်နေရသည့် ကျောင်းသားများအတွက် အထူး စ်နာမှုရှိကြောင်း ကိုကျော်ငြိမ်းထွန်းက ဆိုသည်။

နစ်နာမှုကတော့ ကျနော်တို့ ဖက်က တအားများတယ်။ ဒီ ကျောင်းသားတွေထက် သူတို့ရဲ့ မိသားစုဝင်တွေအဖို ပိုပြီးနစ်နာမှုတွေ ရှိတယ်။ သူတို့က စစ်တွေမြို့ပေါ်က မဟုတ်ဘူး။ ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ လာရတာတွေရှိတယ်။ အလုပ်အကိုင်ကို ပိတ်ပြီးလာရတာ။ ဒီနေ့ ဆိုရင်လည်း မနက်ပိုင်း (၁၀) နာရီကတည်းက စောင့်နေတာ ညနေ (၄) နာရီရှိသွားပြီ။ ထမင်းမစားရသေးဘူးဟု ရခိုင်ပြည်ကျောင်းသား သမဂ္ဂ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုကျော်ငြိမ်းထွန်းက ပြောသည်။

ဆက်လက်ပြီး ကျောင်းသားများ ဖမ်းဆီးတရားစွဲဆိုခံထားရသည်မှာ နှစ်တစ်ဝက်ကျော်လာပြီ ဖြစ်ကြောင်းနှင့် စာသင်ခန်းအတွင်း ရှိနေရမည့် ကျောင်းသားများက သံတိုင်ကြားထဲကို ရောက်နေခြင်းသည် မဖြစ်သင့်၊ လက်သင့်မခံနိုင်သည့် အရာဖြစ်ကြောင်း ၎င်းက ဝေဖန်ပြောကြားသည်။

ကိုကျော်နိုင်ဌေး အပါအဝင် ကျောင်းသား (၄) ဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၉) တို့ဖြင့် စစ်တွေတရားရုံးမှာ အမှုရင်ဆိုင်နေရပြီး သူတို့အမှုက တရားလိုမှာ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ဇော်နိုင် ဖြစ်ကြောင်း သိရသည်။

ယင်းအမှုများထဲက ၅၀၅(ခ) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်နိုင်ပြီး ဘေးစီမံ ဥပဒေ ပုဒ်မ ၂၉ ကတော့ ပြစ်မှုထင်ရှားလျှင် ထောင် (၁) နှစ်ထိ ဒဏ်ခတ် ချမှတ်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ရခိုပြည်နယ်အတွင်း စစ်ပွဲဆန့်ကျင်ရေး၊ တပ်မတော်နှင့် အစိုးရ၏လုပ်ရပ်များကို ရှုံ့ချကြောင်း ဆန္ဒပြရာမှာ ပါဝင်သူများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ကိုကျော်နိုင်ဌေးဦ တွဲဖက်ပြန်ကြားရေး ဦးသန်းနိုင်၊ ရန်ကုန်- ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသား သမဂ္ဂက ကိုကောင်းထွန်းနှင့် ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တွဲဖက် အတွင်းရေးမှူး ကိုမြတ်စိုးဝင်းတို့ ဖြစ်ကြပြီး လက်ရှိအချန်ထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။ 

ဆက်စပ် သတင်းများ