ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်မှ ကျောင်းသူ/သား ၂ သိန်းကျော်အား ကိုဗစ်ကာကွယ်ဆေး ယနေ့ စတင်ထိုး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

သျှင်မင်းဇံ၊ သ ဉ္ဇာနွယ်
စစ်တွေ၊ အောက်တိုဘာ ၁၇ / ၂ဝ၂၁
ရခိုင်ပြည်နယ်မှ ကျောင်းသူ၊ ကျောင်းသား ၂ သိန်းကျော်အား ကိုဗစ်ကာကွယ်ဆေးများကို ယနေ့ စတင်ထိုးနှံပေးနေပြီဖြစ်သည်။
အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသားများကို Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးအား ယနေ့ အောက်တိုဘာလ ၁၇ ရက် နံနက် ၉ နာရီမှစတင်ကာ မြို့နယ်အသီးသီးရှိ စုရပ်ကျောင်းများတွင် စတင်ထိုးပေးနေခြင်းဖြစ်သည်။
ယခုထိုးပေးရာတွင် အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများလည်း ပါဝင်သည်။
တစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများအား ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်မှစတင်ကာ အောက်တိုဘာလ ၂၄ ရက်အထိ ပိတ်ထားရသည်။
ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်ကာကွယ်ဆေးထိုးပြီးပါက လာမည့်နိုဝင်ဘာလအတွင်း အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်တော့မည်ဟု နစကကောင်စီက ထုတ်ဖော်ပြောဆိုထားသည်။
ဓာတ်ပုံ - စစ်တွေအထက(၁)တွင် ကျောင်းသူ၊ ကျောင်းသားများအား ယနေ့နံနက်က ကိုဗစ်ကာကွယ်ဆေးထိုးနှံခဲ့မှုအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ