သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ အရှေ့မြောက်ဘက် ၅ မိုင်အကွာကို ဗဟိုပြု၍ ငလျင်လှုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 7k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇွန် ၁၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အရှေ့မြောက်ဘက် (၅) မိုင်အကွာကို ဗဟိုပြုပြီး ယနေ့ညနေ ၅ နာရီ ၄၅ မိနစ်က ငလျင်လှုပ်သွားကြောင်း သတင်းရရှိသည်။

ငလျင်မှာ ရစ်ချ်စကေး ၅ ရှိပြီး တောင်ကုတ်မြို့မှ အရှေ့မြောက်ဘက် ၅ မိုင်အကွာကို ဗဟို ပြုလှုပ်ခတ် သွားသည်ဟု မြန်မာနိုင်ငံ မိုး/ဇလမှ သတင်းထုတ်ပြန်သည်။ 

၎င်းငလျင်မှာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လှုပ်ခတ်သွားပြီး တစ်နာရီခန့် အကြာတွင် နောက်ဆက်တွဲ ငလျင် အသေးများ လှုပ်ခတ်သွားခဲ့သည်ဟု ဆိုသည်။

တောင်ကုတ်မြို့မှ စာရေးဆရာ ကိုရက္ခက “ ညနေ  ၅ နာရီကျော်က ပထမလှုပ်တာက နည်းနည်းပြင်းပြင်းလှုပ်တယ်။ မြေကြီးနိမ့်သွားသလိုမျိုးခံစားရတယ်။ နောက်ထပ် တစ်နာရီလောက်မှာ ပထမအကြိမ်လောက် မပြင်းဘူး။ နည်းနည်း လှုပ်သွားတယ်။ အပျက်အစီးတော့ မကြားမိဘူး” ဟု ပြောသည်။ 

ငပလီကိုရောက်နေသူ ဦးတင့်ဆွေက “ ဒီမှာလည်း လှုပ်ပါတယ်။ ပြင်းတော့ မပြင်း။ လူတွေကတော့ ငလျင်လူပ်တဲ့ အကြောင်း ပြောနေကြတယ်”ဟု ပြောကြားသည်။

ကျောက်ဖြူသို့ ဆက်သွယ်ရာ ကိုထွန်းထွန်းနိုင်က ငလျင်လူပ်သွားသည်ဟု ပြောနေကြကြောင်း၊ မိမိမှာ မသိရှိလိုက်ကြောင်း ပြောကြားသည်။ 


ဆက်စပ် သတင်းများ