သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ အပစ်ရပ်သက်တမ်း နှစ်လတိုးပြီး တစ်ရက်အကြာ ရခိုင်တိုက်ပွဲပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 953

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၂/၂ဝ၂ဝ

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်(MNTJP/MNDAA)၊တအာင်း(PSLF/TNLA)နှင့် ရခိုင်(ULA/AA) တို့မှ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၉ ရက်နေ့အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းရေး သက်တမ်း (၂) လတာ တိုးမြှင့်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီး တစ်ရက်အကြာတွင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း တရက်လုံးနီးပါး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး တပ်မတော်ဘက်မှ ရဟတ်ယာဉ်များကိုလည်း အသုံးပြု တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ယနေ့နံနက်ပိုင်း ၈ နာရီခန့်က စတင်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား မြေပုံမြို့နယ် စညင်း ကျေးရွာ အရှေ့ဘက် ၁ ဖာလုံခန့်အကွာတွင် နှစ်ဘက် မြေပြင်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ ယနေ့နေ့လယ် ၂ နာရီခန့်တွင် တပ်မတော်မှ  ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စညင်းကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“မြေပြင်တိုက်ပွဲကတော့ ၈ နာရီကနေစဖြစ်ပါတယ်။ လက်နက်ကြီးကတော့ တစ်နေကုန်ပစ်တယ်။ မနေ့ကညနေကနေ ပစ်နေတာ ဒီနေ့အခုထိ ပစ်နေတုန်းပါ လက်နက်ကြီးကတော့။ ၂ နာရီ ၂၅ မိနစ် မှာ လေယာဉ်ကရောက်လာပါတယ်။ ရဟတ်ယာဉ် ၂ စီးနဲ့ ကြဲတယ်” ဟု ယနေ့ ညနေ ၃ နာရီခန့်က ဆက်သွယ်မေးမြန်းစဉ် စညင်းကျေးရွာသား က ပြောသည်။

ယနေ့နံနက်ပိုင်းကနေ စတင်ပြီး စညင်းကျေးရွာအရှေ့ဘက်တောင်ကြော၊ စစ်တွေ- ရန်ကုန် ကားလမ်းအနီး ဘေးဘက် ဝဲယာတွင် မြေပြင် ထိတွေ့မှုတိုက်ပွဲ အပြန်အလှန်ဖြစ်ပွားနေကြောင်း ဒေသခံကျေးရွာသားများမှ ဖုန်းဖြင့်ဆက်သွယ်ပြောကြားလာကြောင်း မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“၁၁ နာရီလောက်မှာ စစ်လေယာဉ်တွေက လာပြီးဗုံးကြဲပါတယ်တဲ့။ ပစ်ခတ်တယ်။ ဗုံးကြဲတယ်။ တခေါက်ချင်း တခေါက်ချင်းပေါ့နော်။ အခု ၂ နာရီခွဲအထိ အဲဒီမှာ စစ်လေယာဉ်တွေလာပစ်နေတယ်ဆိုတာ အဝေးကနေပြီးတော့ သူတို့ကမြင်ရတယ်။  တောင်နားတွေမှာ မီးခိုးတွေအူပြီးတက်လာတာတွေကိုလည်း သူတို့ပြောပြပါတယ်။ ဒီနေ့ တနေ့လုံးကို ဖြစ်နေတယ်လို့ ပြောကြပါတယ်။ လေယာဉ်ကတိုက်လေယာဉ်လို့ပြောတယ်ခင်ဗျာ။ တိုက်လေယာဉ်နဲ့ ပစ်တဲ့လက်နက်တွေကလည်း ပျံသွားပြီးတော်တော်ကြာမှ အဲဒီဗုံးတွေက ထပြီးတော့ ကွဲတယ်လို့ပြောတယ်။” ဟု ဦးဖေသန်းက ပြောသည်။

တိုက်လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့သည့်အပြင် အဝေးမှ မြှောက်နှင့် ပစ်ခတ်သံများလည်း ကြားနေရကြောင်း၊ မည်သည့်ဘက်မှ ပစ်သည်ကို ခန့်မှန်းမရကြောင် ဒေသခံကျေးရွာသားများအား ကိုးကားပြီး ဦးဖေသန်းက ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်အား မေးမြန်းတင်ပြရန် နောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ယနေ့ညနေ ၃ နာရီခွဲခန့်က ဖုန်းဖြင့် ၂ ကြိမ်ကြိမ်တိတိ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

--------------------------------

Unicode:











ဆက်စပ် သတင်းများ