သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဖားပြိုကျေးရွာအနီးတိုက်ပွဲ ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ကူတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာမှ ယနေ့  ညနေပိုင်းက ဆက်သွယ်ခဲ့ရာ ယင်းနေရာအနီး တိုက်ပွဲဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။

၎င်းရဟတ်နှစ်စီးဖြင့် တိုက်ခိုက်သော နေရာသည်  မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီး ၁ မိုင်ခန့် အကွာအဝေးရှိ တောင်တန်းများတွင် ဖြစ်ကြောင်း၊ လက်နက်ငယ်သံများဖြင့် အပြန်အလှန် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး နောက် ရဟတ်ယာဉ် ၂ စီးဖြင့် အပေါ်မှ ပျံဝဲကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အပေါ်က ဗုံးကြဲနေပါတယ်။ ငစရိုင်းချောင်း သလုံးတော် ဓါတ်ဘုရားအနီးမှာ ဖြစ်နေတာပါ။ တောင်တန်း တွေလည်း ရှိပါတယ် အဲဒီနားမှာ။ အဲဒီတောင်တန်းတွေရဲ့ အပေါ်က ပစ်ခတ်ပြီး ပျံဝဲနေတာကို မြင်ရပါတယ်။ ဘယ်ဘက်ကအရင်စပြီး ပစ်ခတ်သလဲဆိုတာတော့ မသိပါ။ စစ်တပ်က  မနေ့ကတည်းက စစ်ကြောင်းချီတက်တာ။ ကျွန်တော်တို့ ရွာအနီးကပေါ့နော်။ ဒီနေ့ နေ့လယ် ၂ နာရီမှာ  အဲဒီအနားကို ရောက်တာနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပါတယ်” ဟု ဖားပြိုကျေးရွာမှ ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်မှစ၍ ပစ်ခတ်မှုများဖြစ်ပြီး နေ့လယ် ၃ နာရီခန့်တွင် မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် စတင်လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်နေတာပါ။ ကျွန်တော်တို့ မြို့ပေါ်က မြင်ရပါတယ်။ သူတို့က စစ်တပ်က သလုံးတော်ဓါတ်ဘုရားရဲ့ ပုရဝုဏ် အတွင်းပါပဲ။ တပ်မတော်က မနေ့ညကတည်းက အဲဒီနေရာတွေကို နေရာယူတယ်လို့ သိရပါတယ်” ဟု မင်းပြားမြို့ ပြည်တော်သာရပ်ကွက်မှ ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ မင်းပြားမြို့နှင့် ၆ မိုင်ခန့်ဝေးကွာကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းအနေဖြင့် မသိရသေးကြောင်း ဖြေကြားသည်။

-----------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၂/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ