အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မင်းပြား ကမ်းနီအထက စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်ကာ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 7.5k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၂၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကမ်းနီး အထက စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွားပြီး ထိုနေရာအနီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင် သတင်းရရှိသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ကျောင်းတောင်ကျေးရွာအုပ်စု ချဲကျေးရွာထိပ်မှ တပ်မတော်စစ်ကြောင်းတစ်ခု မင်းပြားဘက်သို့အသွား ကမ်းနီးနှင့် ကမ်းနီအထက စာသင်ကျောင်းကြား အုတ်တံတားအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ချဲကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ပြောသည်။

“ကျနော်တို့ကြားလိုက်ရတာက ပထမတစ်လုံးပေါက်တယ်။ ပေါက်တာနဲ့ နောက်ထပ် လက်နက်ကြီး လက်နက်ငယ်အသံများကြားနေရတယ်။ နာရီဝက်လောက်တော့ ကြားလိုက်ရတယ်။ အပြန်အလှန် ဖြစ်တာလားဆိုတာကို ကျနော်တို့လည်း အပြင်အထွက်ရဲလို့ အတိအကျမသိပါ။ ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့ ကျနော်တို့နဲ့ သိပ်မဝေးဘူး။ ၅ မိနစ်လောက်ပဲ သွားရမယ်” ဟု ချဲကျေးရွာသားတစ်ဦးကပြောသည်။

ထိုသို့ပေါက်ကွဲမှုဖြစ်ပြီးနောက် ပစ်ခတ်မှုများလည်းရှိခဲ့သည့်အတွက် ဒေသခံကျေးရွာသားများ အပြင်သို့ မထွက်ရဲဘဲ အိမ်ထဲတွင် နေထိုင်နေကြသည်ဟု ၄င်း ချဲကျေးရွာသားက ဆက်ပြောသည်။

လက်ရှိတွင် ထိုပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးတွင် တပ်မတော် စစ်ကြောင်း အများအပြား ရောက်ရှိနေကြောင်း၊ ထိုသို့တပ်မတော်စစ်ကြောင်း ရောက်ရှိနေသည့်အတွက် စိုးရိမ် ကြောက်လန့်ပြီး ရွာသားများ အပြင်သို့ မထွက်ရဲ ဖြစ်နေကြရကြောင်း အမည်မဖော်လိုသည့် ချဲကျေးရွာသား တစ်ဦးကပြောသည်။

ချဲကျေးရွာမှ ရွာလူကြီးတစ်ဦးက“၇ နာရီလောက်က ကြားလိုက်ရပါတယ်။ ကျနော်တို့လည်း အဲဒီနေရာကို မသွားဘူး။ ပေါက်ကွဲသံတော့ ကြားပါတယ်။ နောက်ပြီးတော့ လက်နက်ငယ် အသံလည်း ၁၅ မိနစ်လောက်ကြားလိုက်ရတယ်။ ကျနော်တို့ဒီ အထက ကမ်းနီး စာသင်ကျောင်းနားက ကြားပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာက ကျနော်တို့နဲ့ ၃ ဖာလုံ ၄ ဖာလုံလောက်ရှိမယ်” ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းတင်ပြရန် မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်ထံသို့ နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံသော်လည်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ပြန်လည်ဖြေဆုံးခြင်းမရှိခဲ့ပါ။

ဆက်လက်ပြီး မင်းပြားမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းထံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ၄င်းကခရီးလွန်နေကြောင်း၊ ခရီးလွန်နေသော်လည်း ထိုသတင်းအား ကြားသိရပြီး အသေးစိတ်အား မသိရသေးကြောင်း၊ စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားသည်။

--------------------------------

Unicode;













ဆက်စပ် သတင်းများ