သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့ပေါ်သို့ စစ်ဘေးရှောင် ၂ဝဝ နီးပါးရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၃၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်သို့ တိုက်ပွဲဖြစ်ပွားရာနေရာများမှ စစ်ဘေးရှောင်ပြည်သူ ၁၉၃ဦး ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

၎င်းတို့မှာ ရေဘုတ်၊ ဆောက်ခပ်၊ ရေမျက်၊ ထီးစွဲနှင့် ကျောက်တန်းကျေးရွာများမှ ထွက်ပြေးလာကြသူများ ဖြစ်ကြသည်ဟု  ရသေ့တောင်မြို့နယ် CSO ပေါင်းစုံတိုက်ပွဲရှောင် ကူညီစောင့်ရှောင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သာခင်က ပြောသည်။

“ ရောက်လာတက ဒီလ ၂၈ ရက်နေ့က ရောက်လာတာ ဖြစ်ပါတယ်။ အိမ်ထောင်စု ၅၂ စု၊ ကျား ၇ဝ၊ မ ၁၂၃ စုစုပေါင်း လူဦးရေ ၁၉၃ ဦးဖြစ်ပါတယ်” ဟု ဦးကျော်သာခင်က ပြောသည်။

၎င်းစစ်ပြေးရှောင်များအား ရသေ့တောင်မြို့ ဇောတိပါလဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းတွင် နေရာချပေးထားသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းတိုက်နယ်အတွင်း တိုက်ပွဲများ နေ့စဉ် ရက်ဆက် ဖြစ်ပွားနေသဖြင့် ကျေးရွာသား အများအပြားမှာ ရွာကို စွန့်ခွာထွက်ပြေးနေကြသည်ဟု သိရသည်။

------------------------------

Unicode:



နိရဉ်စရာ၊ အောကျတိုဘာ ၃၁/၂ဝ၁၉






ဆက်စပ် သတင်းများ