သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်မှ စစ်ဘေးရှောင်များ စစ်တွေမြို့သို့ ထွက်ပြေးခိုလှုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4k

အောင်လင်းထွန်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂ဝ ရက်/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာသစ်မှ စစ်ဘေးရှောင် ၅ဝ ခန့်သည်  ယနေ့ ဖေဖော်ဝါရီ ၂ဝ ရက်နေ့တွင် စစ်တွေမြို့သို့ ထွက်ပြေးခိုလှုံလာကြသည်ဟု သတင်းရရှိသည်။

အဆိုပါစစ်ဘေးရှောင်များသည် ဘူးသီးတောင်မြို့နယ် သေကန်ခွဆုံကျေးရွာတွင် ခိုလှုံ နေထိုင်ခဲ့ကြပြီး  ယနေ့တွင် ၎င်းကျေးရွာမှ တစ်ဆင့် အောင်တံခွန်သင်္ဘောဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

“ရွာမှာလည်း မနေရ။ ဟိုဘက်ထွက်ပြေး၊ ဒီဘက်ထွက်ပြေး။ ဟိုမှာတစ်ညအိပ်၊ ဒီမှာ တစ်ညအိပ်၊ အဲသလို နေခဲ့ရတယ်။ မြို့ကိုလာဖို့လည်း ပိုက်ဆံအဆင်မပြေဘူး။ အခုမှ အ ရှိတာပိုက်ဆံတွေကို ဝိုင်းစုပြီး ဆင်ပြေမယ်ထင်လို့ ပြေးလာတာပါ” ဟု ထွက်ပြေးတိမ်းရှောင်လာသူ ဒေါ်မယေ မှ   ပြောသည်။

သူမတို့သည် ရွာမှ စတင် ထွက်ပြေးစဉ် အခက်အခဲများစွာဖြင့် ကြုံတွေ့ခဲ့ရကြောင်း၊ လမ်းတွင်လည်း  တိုက်ပွဲဖြစ်ပွားသဖြင့် မြေကြီးတွင် ဝပ်နေခဲ့ရကြောင်း၊ သမီးလှရွာမှ လွန်ခဲ့သည့် တစ်ပတ်ကျော်  ညဉ့်  ၁ နာရီခန့်တွင် ထွက်ပြေးခဲ့ရကြောင်း၊  ပထမဆုံး အုန်းချောင်းကို ပြေးခဲ့ပြီး ယင်းမှ တစ်ဆင့် သေကန်ခွဆုံ၊ သေကန်ခွဆုံမှ အိုးဖောက်သို့ ယနေ့ လာပြီး အိုးဖောက် ဆိပ်ကမ်းမှ စစ်တွေသို့ အောင်တံခွန်သင်္ဘောဖြင့် လိုက်ပါလာကြောင်း ပြောကြားသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် ၅ဝ ဦးကို လောလောဆယ်  စစ်တွေမြို့ နန်းရွှေဂူ ဘုန်းတော်ကြီး ကျောင်းတွင် နေရာချပေးထားသည်ဟု သိရသည်။

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်မင်းခိုင် က "ရသေ့တောင်မှာ တိုက်ပွဲတွေ မကြာမကြာဖြစ်နေတယ်။ လူတွေလည်း အကုန်ထွက်ပြေးနေကြရတယ်။ နောက်ဆို စစ်ဘေးရှောင် ရသေ့တောင် တစ်ခုတည်းမှာ တစ်သိန်း ထိဖြစ်လာနိုင်တယ်။ ခုဒီကို ထွက်ပြေး လာတဲ့သူတွေထဲမှာလဲ သမီးလှကျေးရွာမှာ မီးလောင်လို့ အိမ်ပါ သွားတဲ့ သူတွေလည်း ပါတယ်။ အခုစစ်တွေကို ရောက်လာတာက ၅ဝ နီးပါးရှိတယ်။ ဒီရက်ပိုင်းမှာဘဲ နောက်ထပ်ရောက်လာမယ့် သူတွေလဲရှိတယ်" ဟု ပြောကြားသည်။

သမီးလှကျေးရွာသစ်မှ စစ်တွေမြို့သို့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကလည်း လူပေါင်း ၂ဝ ဦးခန့် ထွက်ပြေး တိမ်းရှောင်လာခဲ့သည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် သမီးလှကျေးရွာသစ် တစ်ခုတည်းမှ ထွက်ပြေးတိမ်းရှောင်နေသူ ကျေးရွာသား ၁၅ဝဝ ခန့် ရှိနေပြီး ဘူးသီးတောင်မြို့ သေကန်ခွဆုံ ကျေးရွာတွင် ခုံလှုံ နေကြသူများအနေဖြင့်လည်း  စစ်တွေမြို့သို့ ပြောင်းရွှေ့ လာရန် ပြင်ဆင် နေကြသည်ဟု သိရသည်။

"စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေးကို ခုဒီတစ်ရက် နှစ်ရက်မှာတော့ အဆင်ပြေအောင် စီစဉ်ထားတာရှိတယ်။ နောက်ဆို တစ်မျိုးစီစဉ်ရမယ်။ ဒီမှာရှိတဲ့လူမှုအဖွဲ့အစည်းတွေကိုလည်း  အကူအညီ တောင်းထားတာတွေ ရှိတယ်။ နောက်ထပ် အစိုးရဘက်ကလည်း အကူအညီ ပေးလာဖို့ကိိုလည်း မျှော်လင့်နေတယ်” ဟု ကိုကျော်မင်းခိုင်က ထပ်မံပြောကြားသည်။

---------------------------

Unicode:


နိရ ဉ်စရာ၊ ဖဖျေောဝါရီ ၂ဝ ရကျ/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ